Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

သတင်းထောက်ကိုပါကြီး သေဆုံးမှု လူ ၅၀ ကျော် စစ်ဆေး

16 November 2014 23:50(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်သူ ၅ဝ လောက်ကို မော်လမြိုင်မြို့မှာ ၃ ရက်ကြာ သွားရောက် စစ်ဆေး ခဲ့ပါတယ်။

ဒုတိယ အကြိမ်မြောက် စစ်ဆေးချက်မှာ အမှုနဲ့ပါဝင် ပတ်သက်နေတဲ့ တပ်မတော် အရာရှိတွေကို လွတ်လွတ် လပ်လပ်လပ် စစ်ဆေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က ပြောပါတယ်။


"ကျနော်တို့ ဒီအမှုဟာဆိုလို့ရှိရင် ကျနော်တို့ရဲ့ တတိယမြောက်အမှုဖြစ်ပါတယ်၊ တပ်မတော်ပါဝင်ပတ်သက်တဲ့အမှုထဲမှာ ဒီဥစ္စာတော့အမှုထဲမှာ ပိုပြီးတော့ခေါ်ချင်တဲ့ သက်သေတပ်မတော်သားတွေ ခေါ်လို့ရတာတွေ့ရပါတယ်၊ အတားအဆီးအခက်အခဲတွေ မတွေ့ရပါဘူးခင်ဗျ၊ အခုအချိန်အထိ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ကျနော်တို့ကတော့ ဥပဒေကို တရားသူကြီး၊ တရားရုံးတွေလို ဆုံးဖြတ်လို့မရပါဘူး၊ ကျနော်တို့က အကြံပြုဖို့ပဲရှိပါတယ်၊ အကြံပြုပြီးတော့ သူတို့ဆောင်ရွက်ချက်တွေကို ကျနော်တို့က ပြန်တောင်းဆိုရမှာဖြစ်ပါတယ်"


တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကိုပါကြီးဟာ KKO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ အရာရှိတစ်ဦးဖြစ်ကြောင်း ဖော်ပြချက်နဲ့ပတ်သက်ပြီး အခုချိန်ထိစစ်ဆေးချက်တွေအရ သက်သေမရရှိသေးကြောင်း ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ၁၅ ရက်နေ့အထိ စစ်ဆေးချက်မှာ အစိုးရတပ်မတော်က တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ ဘားအံမြို့က အလွတ်သတင်းထောက်တစ်ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါက်တာဥာဏ်ဇော်က ဆိုပါတယ်။

ကိုပါကြီးအမှုအတွက် စစ်ဆေးမေးမြန်းထားသူ စုစုပေါင်း ၅ဝ ကျော်ရဲ့ ထွက်ဆိုချက်တွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေက စစ်ဆေးပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာတင်မှာဖြစ်တယ်လို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ