Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

အစ္စ္စလာမ္မစ် စစ်သွေးကြွများအား ချေမှုန်းရန် အီဂျစ်အစိုးရအရှိန်မြှင့်

22 November 2014 07:22(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
ကိုင်ရို နိုဝင်ဘာ ၂၁

အီဂျစ်အစိုးရက အစ္စလာမ္မစ် စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်း ရန် အရှိန်မြှင့် လိုက်ပြီ ဖြစ်သည့် အတွက် ဆိုင်းနိုင်းကျွန်း မြောက်ပိုင်းရှိ နယ်စပ်ဒေသ ကျောင်းများအား အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ် သည်။

အစိုးရစစ်တပ်သည် ဘာသာရေး အစွန်းရောက်များအား လေကြောင်း စစ်ဆင်ရေးများ ဆင်နွဲနေစဉ်တွင် ဒေသအတွင်းရှိ ကလေးငယ်များ၏ ပညာရေးအခြေအနေအတွက် စိုးရိမ် နိုင်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများ ကပြောသည်။ ဘာသာရေးအစွန်း ရောက်များက စစ်သားများ၊ ရဲတပ်ဖွဲ့ များကို အဓိကပစ်မှတ်ထားကာ လိုက်လံချေမှုန်းနေပြီး ယခင်စစ်သား ဟောင်းများအား ခေါင်းဖြတ်သတ်ခြင်း များ ပြုလုပ်နေပြီဖြစ်သည်။

'ကျွန်တော်တို့တွေ အသက်ဘေး နဲ့နေ့စဉ်ရင်ဆိုင်နေရတယ်။ တစ်ခါ တစ်ရံဆို အစိုးရစစ်တပ်နဲ့ လက်နက် ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျွန်တော်တို့ဆီကို ကျည်ဆံတွေလွဲပြီး ရောက်ရှိလာတယ်'ဟု ရှရစ်ဇူဝစ်မြို့ နေ ကျောင်းဆရာတစ်ဦးဖြစ်သူ မိုဟာမက်က ဆိုသည်။

စစ်တပ်က အစ္စလာမ္မစ်သမ္မတ အား လွန်ခဲ့သောနွေရာသီက ရာထူးမှ ထုတ်ပယ်ခဲ့သည့်အတွက် အစ္စရေးနှင့် ဂါဇာအပါအဝင် စူးအက်တူး မြောင်းတို့နှင့် နယ်နိမိတ်ချင်းထိစပ် နေသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် တနေ့တခြား အကြမ်းဖက်မှုများ တိုးပွားနေသည်။ ယင်းအကြမ်းဖက်မှု များကြောင့် လုံခြုံရေးအဖွဲ့ဝင် ၃၃ ဦးထက်မနည်းသေဆုံးခဲ့ရသည်။

အောက်တိုဘာ၂၄ ရက်မှစတင်ခဲ့ သော အကြမ်းဖက်မှုများကြောင့် အီဂျစ်အစိုးရသည် ဆိုင်းနိုင်းကျွန်း နယ်မြေတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ဒေသခံမိသားစုများ ကိုလည်း ရွှေ့ပြောင်းခိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ