Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

လုပ်ကိုင်ခြင်းမရှိသည့် ဇုန်မြေကွက်များစာရင်း တိုင်းအစိုးရ တောင်းခံ

22 November 2014 07:07(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်တို့တွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်း မရှိသော ဂိုဒေါင်၊ လူနေအိမ်၊ ဈေးဆိုင်ခန်းများ၊ မြေကွက်လပ် အဖြစ်ရှိသော မြေကွက်များစာရင်းအား တိုင်းဒေသကြီး အစိုးရမှ နိုဝင်ဘာ ဒုတိယအပတ်တွင် ရုံးစာပေးပို့ တောင်းဆိုထားကြောင်း လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်လပ်ပေါင်း ၂၄၀၀ ကွက်ခန့် ရှိနေခြင်းကြောင့် စက်မှုဇုန် မြေဈေး မြင့်တက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းကထပ်မံ ပြောကြား ခဲ့သည်။

““တိုင်းဒေသကြီး အစိုးရကနေ မြေကွက်လပ်တို့၊ ဂိုဒေါင်တို့ကို ဘာလုပ်ငန်းတွေ ဆက်လုပ်ရမယ်ဆိုတာ စာရင်း တောင်းထားတယ်။ သေသေချာချာ အာမခံချက် တောင်းထားတဲ့ သဘောဆိုတော့ ကောင်းပါ တယ်။ မြေဈေးက လက်ရှိပြုပြင် စည်းရိုးခတ်ပြီး ဈေးကွက်က သိန်းထောင်ချီရှိတယ်။ လှိုင်သာယာမှာ မြေကွက်လပ် က ၃၀ လောက်ပဲ ရှိတယ်။ စက်ရုံတွေနဲ့ ဂိုဒေါင်တွေပါ ဝေပေးပါဆိုလို့ ဝေပေးလိုက်တယ်။ ဂိုဒေါင်ကိုတော့ အရေးယူလို့ မဖြစ်ဘူးပေါ့။ ဂိုဒေါင်လည်း စက်မှုဇုန်မှာ သွင်းကုန်ထုတ်ကုန် လုပ်ရတာပဲ။ လုပ်ကိုင်ခြင်း မရှိတာက နည်းပါတယ်”” ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

ယင်းကဲ့သို့ စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော မြေကွက်လပ်များအား အမှန်တကယ် လုပ်ကိုင်မည့် သူများအား သင့်တင့်သော ဈေးနှုန်းဖြင့် ငှားရမ်း ပေးသင့်ကြောင်းကို ဒဂုံဆိပ်ကမ်း စက်မှုဇုန် ကော်မတီ အတွင်းရေးမှူး ဦးကျော်သူက““ကျွန်တော်တို့ဆီမှာက တော်တော်များတယ်။ တကယ် လည်ပတ်နေတာက စက်ရုံ ၁၀၀ ကျော်ပဲ ရှိတာဆိုတော့ တစ်ဝက် ကျော်ကျော်လောက် ရှိတာပေါ့။ တချို့တွေကျတော့ မြေ၀ယ်ပြီး ဘာလုပ်မယ်ဆိုတဲ့ Plan ကို မရှိတာ။ မြေကို အမြတ်နဲ့ ပြန်ရောင်းစားမယ်ဆိုတဲ့ Plan ပဲရှိတာ။ Plan ရှိတဲ့သူကို မြေကွက်ငှားပေးပြီးတော့ စက်ရုံ မဆောက်ဘူးဆိုရင် ပြန်သိမ်းပေါ့။ အဲဒီလို လုပ်သင့်တယ်လို့ထင်တယ်။ အခု အစိုးရက ရောင်းစားနေ တာလေ။ အစိုးရဈေးက သိန်း ၄၀၀ ဆိုရင် အပြင်မှာ ၂၀၀၀ လောက် ပေါက်တယ်ဆိုရင် အပြင်က၀ယ်ချင်တဲ့ စီးပွားရေးသမားနဲ့ ပေါင်းပြီး ၁၅၀၀ နဲ့ ယူပြီးတော့ အဂတိ လိုက်စားမှုတွေ ဖြစ်နေတာပေါ့။ မြေဈေး ကစားချင်တဲ့ သူအတွက် လုပ်စားစရာတွေလို ဖြစ်နေတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလားတူ မန္တလေးတိုင်း ဒေသကြီးအတွင်း မန္တလေး စက်မှုဇုန်၊ မြင်းခြံစက်မှုဇုန်နှင့် မိတ္ထီလာ စက်မှုဇုန်တို့တွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော မြေကွက်ပေါင်း ၃၆၂၂ ကွက်ကျော် ရှိကြောင်း စိစစ် တွေ့ရှိရသဖြင့် မြေကွက် လပ် လက်ဝယ် ပိုင်ဆိုင်ထားသူများ အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစား၊ စတင်မည့် တည်ဆောက်ရေးကာလ၊ စီးပွားဖြစ် စတင်လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ရရှိမှု စာရင်းအပြင် အချက်အလက်များ ပြည့်စုံစွာ ပါဝင်သည့် Detail Business Plan ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ပေးပို့ ရမည်ဖြစ်ပြီး ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ၎င်းဂိုဒေါင်နှင့်စက်မှုလုပ်ငန်း ဆောင် ရွက်ခြင်း မရှိသည့်မြေများကို နိုင်ငံတော် သို့ ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်များ ကြီးကြပ်ရေးကော်မ တီမှ ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်ကို မြန်မာ သံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ဖြေဆိုသူက အစည်းအဝေး တက်နေသည်ဟုဆိုကာ ဖုန်းချသွား ခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ