Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

ဦးပိုင် ခြံစည်းရိုးခတ်ထားမှုအား ဖျက်ပေးရန် တောင်းဆိုရာတွင် ပါဝင်သော ကျောင်းသားကျောင်းသူများ ကျောင်းထုတ် ခံရမည်ဟု ခြိမ်းခြောက်ခံနေရ

22 November 2014 07:04(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)
သုံးရက်မတက်ရင် ကျောင်းထုတ်ပစ်မယ်ဆိုပြီး မှာလိုက်တယ်။ အခု ကျွန်မတို့ ကျောင်းသားတွေ ကို ဓာတ်ပုံ ရိုက်ပြီးတော့လည်း သူတို့ရဲ့ ကျောင်းက အခန်းတွေမှာ ချိတ်ထားပါတယ်။ ဆန္ဒပြကျောင်းသား လူငယ်များ ဆိုပြီးတော့ ချိတ်ထားပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်မြို့၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ရန်ကုန်ဘက်ကမ်း အလုံမြို့နယ် အ.ထ.က (၇) ၌ လာေ ရာက် ကျောင်းတက် နေရသည့် ကျောင်း သား ကျောင်းသူများမှာ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ မေဒေး ဆိပ်ကမ်းရှိ သမ္ဗန်ဆိပ်အား တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် လက်အောက်ရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC က ခြံစည်း ရိုးခတ်ရာ ဖြတ်သန်း မသွားလာနိုင်တော့သဖြင့် ခြံစည်းရိုး ဖယ်ရှားပေး ရန် တောင်းဆို နေသည့် ဓာတ်ပုံများအား ကျောင်းအုပ် ဆရာမကြီးဖြစ် သူ ဒေါ်အေးအေးမြင့်က ဆန္ဒပြ ကျောင်းသားများ ဟု ခေါင်းစဉ် တပ်၍ ကျောင်းနံရံများ၌ ကပ်ထားကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမြင့်က နိုဝင်ဘာလ ၂၀ နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ သမ္ဗန်ဆိပ်အား မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ခြံစည်းရိုး ခတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်း သွားရာတွင် အသုံးပြုသည့် လမ်းကြောင်း ပိတ်သွားသဖြင့် ကျောင်း သား ကျောင်း သူများ ၄ ရက်ကြာ ကျောင်းမတက်နိုင် ဖြစ်နေရာ ယင်းခြံစည်းရိုး ခတ်ထားမှုကို ဖျက်သိမ်းပေးရန် နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက ကျောင်းသား မိဘများက တောင်းဆိုနေခြင်း ဖြစ်သည်။

““ ၃ ရက် မတက်ရင် ကျောင်းထုတ်ပစ်မယ်ဆိုပြီး မှာလိုက်တယ်။ အခု ကျွန်မတို့ ကျောင်းသားတွေကို ဓာတ်ပုံ ရိုက်ပြီးတော့လည်း သူတို့ရဲ့ ကျောင်းက အခန်းတွေမှာ ချိတ်ထားပါတယ်။ ဆန္ဒပြကျောင်းသား လူငယ်များ ဆိုပြီးတော့ ချိတ်ထားပါတယ်။ နောက် ကျောင်းတက်တဲ့ ကလေးတွေဆီက စာကူးဖို့ စာအုပ်သွားငှားတဲ့ အခါမှာလည်း လုံးဝမငှားရဘူးလို့ စာမကူးရပါဘူး”” ဟု ကျောင်းသားမိဘတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမြင့်က ပြောသည်။

ခြံစည်းရိုး ခတ်လိုက်သဖြင့် လမ်းပိတ်ဆို့ထားမှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၀ ရက်နေ့က ခရိုင် အုပ်ချုပ်ရေးမှူး လာရောက် ညှိနှိုင်းခဲ့ရာ ကျောင်းသား များနှင့် ကျောင်းသား မိဘများအား ခြံစည်းရိုး မဖျက်ဘဲ ဖြတ်သန်းခွင့်ပြု မည်ဟု ဆိုသော်လည်း ကျောင်းသားမိဘများကမူ ယင်းလမ်းကို ပြန်လည် ဖွင့်လှစ်ပေးရန် ကိုသာ တောင်းဆိုခဲ့သည်။

ခြံစည်းရိုး ဖျက်သိမ်းပေးရန်အတွက် မိဘများနှင့်အတူ တောင်းဆိုနေ သည့် ကျောင်းသား ကျောင်းသူများ၏ ဓာတ်ပုံများအား ကျောင်းစာသင်ခန်း များအတွင်း ကပ်ထားခြင်းနှင့် ပတ်သက်၍ အ.ထ.က (၇) အလုံ ကျောင်း တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““ကျွန်မ ဆရာမကြီးကို သွားကြည့်တာ မရှိဘူးရှင့်။ ဘယ်သွား လဲတော့ မသိဘူး။ ကျွန်မတို့မှာက ဘာမှ ပြောပိုင်ခွင့် မရှိဘူးရှင့်။ မနက်က အထက်လူကြီးတွေ ဆင်းလာပြီးပါ ပြီ။ ကျွန်မတို့ ဘာမှပြောပိုင်ခွင့် မရှိပါဘူး။ ကျွန်မတို့ Notice Board တွေတောင် မချိတ်ရသေးဘူး။ အခု Gun တွေ ဖောက်နေတုန်း။ အဲဒါ ကောလာဟလတွေ ပါ””ဟု အဆိုပါ ကျောင်းတွင် အဋ္ဌမတန်း သင်ကြားပေးနေသူ လုပ်သက် ၂၈ နှစ်ရှိ ဆရာမ တစ်ဦးက ပြန်လည်ဖြေကြားသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ