Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ဆိုင်ကယ်စီးနင်းပြီး ဘဏ်မှငွေထုတ်သူများနှင့် စက်ဘီးစီး လာသည့် သူများထံမှ ငွေ လုယူသူများကို ဖမ်းဆီးရမိ

18 November 2014 04:38(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့ နယ်မြေအတွင်း ဆိုင်ကယ်စီးနင်းပြီး ဘဏ်မှ ငွေထုတ်သူများနှင့် စက်ဘီးဖြင့် လာသူများထံမှ ငွေများ လုယူမှုများ မကြာခဏ ဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ အစီအမံဖြင့် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် အသွင်ယူ စောင့်ကြည့်၍ ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ၁၃.၁၁.၂၀၁၄ ရက်နေ့ ၁၂၄၅ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်မှ ငွေ(၈)သိန်းအား ထုတ်ယူပြီး ဆိုင်ကယ် လက်ကိုင်၌ ချိတ်ဆွဲ၍ သုနန္ဒာပတ်လမ်း အတိုင်း စီးနင်းလာသော အမျိုးသား တစ်ဦးအား လော့ဂျား ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာသူ(၂)ဦးမှ ဆိုင်ကယ်တွင် ချိတ်ဆွဲထားသော ငွေထုပ်အား လုယူထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့လုယူထွက်ပြေး သွားသဖြင့် ပတ်ဝန်းကျင်မှ အော်ဟစ် အကူအညီ တောင်းခံခဲ့ရာ အသွင်ယူလှည့်ကင်းဆောင်ရွက် နေသော ရဲတပ်ဖွဲ့ဝင်များမှ သိရှိရပြီး လိုက်လံ ဖမ်းဆီးသဖြင့် ကိုရဲ(ခ)ရဲဝင်းကျော်၊ (၂၅)နှစ်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေသူအား ငွေထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အတူပါသူ အညာသား ဆိုသူမှာ ထွက်ပြေး သွားခဲ့ပါသည်။

ဖမ်းဆီးရမိသူ ကိုရဲ(ခ)ရဲဝင်ကျော်အား အခြားအမှုများ ကျူးလွန်မှုရှိ /မရှိစစ်ဆေး ဖော်ထုတ်ခဲ့ရာ ၎င်းနှင့်အတူ (၇)ဦးပါဝင်သည့်အဖွဲ့မှ ၂၀၁၄ ခုနှစ်အတွင်း ဆိုင်ကယ်ဖြင့် လုယူခဲ့သည့်အမှု(၉)မှုကို ကျူးလွန်ထားရှိကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုများ ကျူးလွန်ရာတွင် အတူပါဝင်သူများအား စုံစမ်းရမိရေး ဆောင်ရွက်ခဲ့ရာ အောင်ကိုမင်း၊ (၁၈)နှစ် ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေသူအား ထပ်မံ ဖမ်းဆီး ရမိခဲ့ပါသည်။

ဖော်ထုတ်ရရှိသည့် အမှုများတွင် ပါဝင်ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ