Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ထိုင်းတွင် ရခိုင်အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရ

19 November 2014 17:07(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
ထိုင်းနိုင်ငံတွင် ရခိုင်အမျိုးသမီး တစ်ဦး ယခုလ ၁၆ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ အပေါက်ဝကျေးရွာ ချောင်းဝရပ်ကွက်မှ ဦးကျော်လှဝင်း၏ ဇနီးဒေါ်မလှခိုင်အသက် (၄၄) နှစ် ဖြစ်ကြောင်း သိရသည်။

သူမသည် ထိုင်းနိုင်ငံ တောင်ပိုင်း နခေါ်စိန်ဌာမရ မြို့  (ခေါ်) စိန်ချွန်တွင် ပန်းရံအလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းလူမျိုးတစ်ဦးမှ သတ်ဖြတ်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

အခင်းဖြစ်ပွားသည့် ၎င်းလူသတ်သမားသည် ဆိုင်ကယ်စီးပြီး ရေတောင်းဟန်ပြုကာ အိမ်ထဲသို့ ၀င်လာပြီးနောက် ဒေါ်မလှခိုင်၏ ဦးခေါင်းအားရိုက်ပြီး ဓါးဖြင့် လည်ပင်းကို လှီးကာ ရွှေထည်ပစ္စည် ငါးမူသားနှင့်  ဘတ်ငွေ (၅၀၀၀) သူဆောင်သွားခဲ့သည်ဟု ဆိုသည်။

ယင်းပြင် လူသတ်သမားသည် ဒေါ်မလှခိုင်၏ အသက် ၁၂ နှစ်အရွယ် သမီး မအေးမြသွယ်အား မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း၊ သို့သော်လည်း အနီးအနားရှိ ပန်းရံလုပ်သားများမှ အချိန်မီ ကယ်တင်ခဲ့ရကြောင်း သူတို့က ဆိုသည်။

ယင်းမြို့တွင် ပန်းရံ လုပ်နေသူ မြန်မာနိုင်ငံသား ၁၇ ဦးခန့်ရှိကြောင်း သိရသည်။

လူသတ်သမားမှာ အသက် ၂၀ ခန့်ရှိသော ထိုင်းလူမျိုး တစ်ဦးဖြစ်ပြီး ယခုအခါ ထိုင်းရဲက ဖမ်းဆီးထားကြောင်း၊ သို့သော်လည်း ရဲအဖွဲ့မှ လူသတ်သမားမှာ စိတ်မနှံ့သူ တစ်ဦးဖြစ်သည်ဟု ဆိုကာ အမှုကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

အခင်းဖြစ်သည့်နေ့က ခင်ပွန်းသည်နှင့် သားကြီး ဖြစ်သူမှာ အလုပ်သွားနေကြောင်း၊  အခင်းဖြစ်ပွားချိန်က အိမ်တွင် သေဆုံးသူ အမျိုးသမီးနှင့် အတူ  ၁၂ နှစ်အရွယ် သမီးနှင့် ၁နှစ်ခွဲအရွယ် သားတစ်ဦးသာ အိမ်တွင်ရှိနေခဲ့ကြောင်း သိရသည်။

ဒေါ်မလှခိုင်၏အသုဘအလောင်းကို စိန်ချွန်ဆေးရုံအနီး ဝတ်ဘိဝိဘုန်းကြီးကျောင်းတွင် ထားရှိ သည်ဟု သိရသည်။

အလျားလျားအပါးပါး ခိုကိုးရာမဲ့ဖြစ်နေကြရသော ရခိုင်လူမျိုးများဘဝ



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ