Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

သားကြောဖြတ်ခံရသည့် အမျိုးသမီးများ သေဆုံးမှု ကြွက်သတ်ဆေး နှင့် ဆက်စပ်မှုရှိ

19 November 2014 17:03(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
နယူးဒေလီ ၊ ၁၉-၁၁-၂၀၁၄

အိန္ဒိယနိုင်ငံတွင် သားကြောဖြတ် ခံရပြီးနောက် သေဆုံးခဲ့ ရသည့် အမျိုးသမီး ၁၃ ဦးမှာ ခွဲစိတ်မှု ပြုလုပ်စဉ် အတွင်း ၄င်းတို့အား ထိုးသွင်းပေး ခဲ့သော ကြွက်သတ်ဆေး ပါဝင်သည့် ပဋိဇီဝဆေး နှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။

ကနဦး စစ်ဆေးမှုများ အရ သေဆုံးခဲ့သည့် အမျိုးသမီး များအား ထိုးသွင်း ပေးခဲ့သည့် ပဋိဇီဝဆေးရည် ထဲတွင် ကြွက်သတ်ရာ၌ အသုံးပြုသည့် ဇင့်ဖော့စ်ဖိုက်ဒ် ပါဝင် နေသည်ကို တွေ့ရှိ ခဲ့ကြောင်း ဘီလာစပါ ခရိုင် အုပ်ချုပ်ရေးမှူး သိဒ္ဓတ္ထပါ ဒေသီ က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။

ထို့ပြင် သားကြောဖြတ် ခွဲစိတ်မှု မခံယူခဲ့ သော်လည်း အဆိုပါ ပဋိဇီဝဆေးရည် ထိုးသွင်းခံခဲ့ ရသည့် အခြား အမျိုးသမီး ကိုးဦးတွင်လည်း သေဆုံးသူ အမျိုးသမီးများ နှင့်အလားတူ ရောဂါ လက္ခဏာများ ဖြစ်ပေါ် နေကြောင်း ချာဟတ်တီဂါ့ ပြည်နယ် ကျန်းမာရေး ဌာနမှ အတွင်းရေးမှူး အေလော့ခ်ချူ ကလာ က ပြောကြားသည်။

ဇင့်ဖော့စ်ဖိုက်ဒ် ပါဝင်နေသော အဆိုပါ ပဋိဇီဝဆေးဝါး ကို Mahacuar ဆေးဝါး ထုတ်လုပ်မှု စက်ရုံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ Ciprofloxacin ဆေးပြားများကို ရောင်းချ ဝယ်ယူမှုများ မပြုလုပ်ရန် နှင့် အဆိုပါ ဆေးပြားများကို တွေ့ရှိပါက လည်း သတင်းပေးပို့ ကြရန် ပြည်သူများထံ သို့ သတိပေးချက်များ ထုတ်ပြန် ထားကြောင်း ကို ချူကလာ က ပြောကြား ထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ