Popular Posts
ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ
Wednesday, November 19, 2014
ဘူးသီးတောင်တွင် ကုန်ဈေးနုန်းတက်၍ လူထု စားဝတ်နေရေး အခက်အခဲဖြစ်
19 November 2014 11:37(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် ဘူးသီး တောင်မြို့တွင် စားသောက်ကုန် ဈေးနုန်းများ တဖြည်းဖြည်း မြှင့်တက် လာနေ သဖြင့် လူထု အနေဖြင့် စားဝတ် နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံ များက ပြောကြား သည်။
ကုန်ဈေးနုန်းမှာ နိုဝင်ဘာ ဒုတိယအပတ်မှ စပြီး တဖြည်းဖြည်း မြှင့်တက်လာ နေကြောင်း၊  အောက်တို ဘာလ အတွင်းက  ပေါ်ဆန်မွေး တစ်အိတ် ၂၈၀၀၀ ကျပ် ဈေးရှိနေရာမှ နိုဝင်ဘာလ ဒုတိယ အပတ်တွင် တစ်အိတ်လျှင် ၃၁၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း  ဘူးသီးတောင်မြို့ မှ မအေးငြိမ်းစံက ပြောသည်။
“ ဆန်ဈေးက အကျမရှိဘူး။ တဖြည်းဖြည်းနဲ့မြှင့်တက်လာတယ်။ ကျွန်မတို့က ၀ယ်စားဖို့ အခက်အခဲ ဖြစ်လာတယ်။ ငတ်ပီး မသေနိုင်တော့  ၀ယ်စားရတာပါဘဲ။ ကျွန်မတို့ အငတ်မှ ခံမနေနိုင်တာ။ ဈေးကြီးရင်လည်း ၀ယ်စားရတာပါဘဲ” ဟု သူမက ပြောသည်။
ဆန်ဈေးနှုန်း မြင့်တက်လာရခြင်း အကြောင်းမှာ  ကောက်သစ်စပါးများ မပေါ်လာသေးသည့်အတွက်ကြောင့်  ဖြစ်ကြောင်း ဘူးသီးတောင်မြို့ မှ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးထွန်းအောင်သိန်းက ပြောဆိုသည်။
ဘူးသီးတောင်မြို့တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနုန်းမှာ ဧည့်မထ တစ်အိတ်လျှင် ယခင်က ၁၄၅၀၀ကျပ်ရှိခဲ့ပြီး၊ ယခု ၁၆၅၀၀ ကျပ်။ ယခင် ပေါ်ဆန်မွေးတစ်အိတ် ၂၉၀၀၀ကျပ်ရှိခဲ့ပြီး ယခု ၃၁၀၀၀ကျပ် ဖြစ်ကြောင်း သိရသည်။
ကုန်းဈေးနုန်းမြှင့်တက်နေခြင်းနှင့် ပတ်သတ်ပြီး ဘူးသီးတောင်မြို့နယ် ခထွီးလှကျေးရွာမှ အမျိုးသမီးတစ်ဦးက ယခုလို သူမ၏ အခက်အခဲကို ပြောဆိုသည်။
“ ဟင်းသီးဟင်းရွက်တွေရော၊ ဆန်ဈေးတွေရော၊ ကုန်စိမ်းကုန်ခြောက်တွေရော အကုန်လုံး အရမ်းကို ဈေးတက် ပါတယ်။ ကျွန်မတို့ ရွာသူရွာသားတွေက တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူတွေ ဆိုတော့  ခုလို ကုန်ဈေးနုန်း တက်တော့ စားဝတ် နေရေး အခက်အခဲရှိပါတယ်။ တချို့မိသားစုတွေလည်း ထမင်းနပ်မှန်ဖို့ မနည်းကို ကြိုးစားနေရပါတယ်” ဟု သူမက ပြောသည်။
ဘူးသီးတောင်ဈေးတွင် ကြက်ဥ ၈လုံး ငွေ ၁၀၀၀ ကျပ်ရှိကြောင်း၊  ကြက်သွန်နီ တစ်ပိဿကို ယခင် က ၄၀၀ကျပ် ရှိပြီး၊ ယခု ၆၀၀ ကျပ်ပေးပြီး ၀ယ်ယူရကြောင်း၊  အခြားသောစားသောက် ကုန်ဈေးနှုန်း အသီးသီးမှာလည်း တိုးမြင့်နေကြောင်း သူမက ပြောကြားသည်။
ဘူးသီးတောင်မြို့ မှ ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးကျော်ပုက “ ခုအချိန်ဆို ဆန်သစ်ပေါ်ချိန် ဖြစ်တဲ့အတွက် ဆန်ဟောင်း တွေက ရှားပါးလာပါတယ်။ အဲဒီ အတွက်ကြောင်း ဈေးတက်လာတာ ဖြစ်ပါတယ်။ ပြီးတော့ ဆန်သစ်တွေက ထမင်းမတက်သလို ချက်လို့ လည်း အဆင်မပြေဘူး။ ဆန်ဟောင်းတွေက ချက်ပြုတ် ရတာ အဆင်ပြေပါတယ်။ ဒါကြောင့် လူတွေက ဆန်ဟောင်းကို ပိုဝယ်ယူကြတဲ့အတွက် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဘူးသီးတောင်မှ ကုန်စုံဆိုင်
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်
ကြော်ငြာကဏ္ဍ
ဤနေရာတွင်ကြော်ငြာလက်ခံပြီ
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ