စစ်သားများသည် အရေးပါသော မြို့တစ်မြို့ဖြစ်သည့် အဘစ်ဂျန်မြို့ နှင့် ဒုတိယ အရေးပါဆုံး မြို့ဖြစ်သည့် ဘူယာခီမြို့တို့တွင် လမ်းမကြီးများကို ပိတ်ဆို့ကာ ၎င်းတို့မရရှိသေးသည့် ခံစားခွင့်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
စစ်သားများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ခံစားချက်များကို နားလည်ပါကြောင်း မစ္စတာကော့ဖီက ဆိုထားသည်။
လက်ရှိဆန္ဒပြပွဲသည် အိုင်ဗရီကို့စ်တွင် ပြည်တွင်းစစ်အဆုံးသတ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ စစ်သားများပါဝင် သော အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ကြောင်း သိရသည်။ ဘူယာခီမြို့သည် အိုင်ဗရီကို့စ်သမ္မတ၏ အဓိက ခြေကုပ် စခန်းကဲ့သို့ဖြစ်နေသည့်မြို့ဖြစ်သည်။
စစ်သားများသည် ရေဒီယိုအသံလွှင့်ဌာနနှင့် ရုပ်သံအဆောက်အအုံများကို သိမ်းပိုက်ခဲ့ကြ ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။
အိုင်ဗရီကို့စ်သမ္မတက ၎င်းအနေဖြင့် ဆန္ဒပြစစ်သားများနှင့်ဆွေးနွေးကာ တိကျရေရာသည့်အဖြေကို ရှာဖွေသွားမည်ဖြစ်ကြောင်း အစိုးရရုပ်သံမှတစ်ဆင့် ကတိပြုပြောဆိုထားသည်။
ထို့ပြင် အစိုးရအနေဖြင့် စစ်သားများ၏ အိမ်ရာခံစားခွင့်များ၊ ခရီးသွားလာမှု ဆိုင်ရာ ထောက်ပံ့ကြေးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်သွားရန် သဘောတူထားပါကြောင်းလည်း သမ္မတက ထပ်လောင်းပြောဆိုထားသည်။
ဆန္ဒပြပွဲများသည် ဒါလိုအာမြို့အပါအ၀င် အခြားသော မြို့သုံးမြို့၌လည်းပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။




































No comments:
Post a Comment