Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

ထိုင်းဘတ်ငွေ စက္ကူအတု တစ်ထောင်တန်များ တာချီလိတ်၌ ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း - မြန်မာ နယ်စပ် ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ (၀၁း၃၀)နာရီ အချိန်ခန့်က လူမျိုးခြား (၄)ဦးထံမှ ထိုင်းဘတ်ငွေ စက္ကူအတု တစ်ထောင်တန်(၂၅၀)ရွက်အား ဖမ်းဆည်း သိမ်းရမိပြီး တရားခံ များအား အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၃၁)ရက်နေ့ ည(၁၁း၅၀)နာရီ အချိန်တွင် ခင်မောင်စိုး(ခ)ဘားကို၊ သန့်ဇင်ဦး(ခ)ဘာရီကတ် နှင့် မျိုးလွင်(ခ)ဘတ်ဂဲလ်တို့ (၃)ဦးတို့သည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း အနီးတွင် ဖွင့်လှစ်ထားရှိသည့် "ဝင့်ရွှေရည်"ကာရာအိုကေဆိုင်၌ သောက်စားပြီးနောက် ငွေရှင်းချိန်တွင် ၎င်းတို့၌ ပါလာသော ထိုင်းဘတ်ငွေ တစ်ထောင်တန်အတု (၅)ရွက်ထဲမှ (၂)ရွက်အား ငွေရှင်းရန်အတွက် စားပွဲထိုးအား ပေးလိုက်စဉ်မှာ အဆိုပါဆိုင် အနေဖြင့် ပြန်အမ်းရန် ငွေအကြွေမရှိသည့် အတွက် ၎င်းတို့ပေးသော ငွေစက္ကူအတု (၂)ရွက်ထဲမှ (၁)ရွက်အား ကာရာအိုကေဆိုင် အနီးရှိ ဆိုင်တွင် အကြွေလဲစဉ်မှာ အဆိုပါဆိုင်မှ ထိုင်းဘတ်တစ်ထောင်တန်သည် အတုဖြစ်နေကြောင်း စသည်ဖြင့် ပြောလာသည့်အတွက် ဆိုင်ပိုင်ရှင်မှ မကာဟိုခမ်းရပ်ကွက် ပြည်သူ့စစ် ဦးငွေသူထံ ဖုန်းဖြင့် ဆက်၍ အကူအညီတောင်းခံလိုက်ရာမှ ငွေတုသုံးစွဲသူ များကို ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာရာအိုကေဆိုင်သို့ ပြည်သူ့စစ်အဖွဲ့နှင့် သက်ဆိုင်ရာမှ ရောက်ရှိသွားချိန်တွင် ဆိုင်အတွင်း၌ ကျန်ရစ်နေသည့် ခင်မောင်စိုး(ခ)ဘားကို၊ သန့်ဇင်ဦး(ခ)ဘာရီကတ်တို့ကို စစ်ဆေးရာ ဆိုင်ရှင်အား ငွေရှင်းထားသည့် ထိုင်းဘတ်ငွေအတု တစ်ထောင်တန်(၂)ရွက်နှင့် ၎င်းတို့ နှစ်ဦးထံမှ ထိုင်းဘတ်ငွေ စက္ကူအတု (၃)ရွက် စုစုပေါင်း (၅)ရွက်ကို တွေ့ရှိရသည့်အတွက် ထိုင်းဘတ်ငွေ အတုများကို အစစ်အမှန် အနေဖြင့် သုံးစွဲပြီး လက်ဝယ်ထားရှိသူ အဆိုပါ နှစ်ဦးနှင့်ကျန်တစ်ဦးကို တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၈၉ - ခ/ဂအရ အမှုဖွင့် အရေးယူထားရှိသည်။

ဆက်လက်၍ အဆိုပါ (၃)ဦးအား ဖမ်းဆီးရမိပြီးနောက် တရားခံများအား အမှုစစ် ဒုရဲအုပ် ကိုကိုဦးနှင့်အဖွဲ့မှ စစ်ကြောဖော်ထုတ်ရာ အဆိုပါ ထိုင်းငွေအတုများအား ၎င်းတို့အနေဖြင့် ပုန်းထွန်ရပ်ကွက် နန္ဒ၀န်ဟိုတယ် အခန်းနံပါတ် (၁၀၃)တွင် တည်းခိုနေသူ ဒေါ်ဘီ(ခ)ဆိုင်လာထံမှ ရရှိတာဖြစ်ကြောင်း ထွက်ဆိုလာသည့် အတွက် အမှုစစ် ဒုရဲအုပ် ကိုကိုဦးမှ သက်သေများနှင့်အတူ နိုဝင်ဘာလ(၁)ရက် နံနက်(၂း၄၅)နာရီခန့် အချိန်တွင် ၎င်းတို့ ထွက်ဆိုသည့် ဟိုတယ်သို့ သွားရောက်ပြီး ရှာဖွေရာ မဘီအား တွေ့ရှိရပြီး ၎င်းထံ ဆက်လက်ရှာဖွေရှာ စစ်ဆေးရာ ထိုင်းငွေစက္ကူအတု တစ်ထောင်တန်(၂၄၅)ရွက်အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဒေါ်ဘီက "အဆိုပါ ငွေကြေးများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စလာဘူရီရာရွာနေ ထိုင်းနိုင်ငံသား ဖီးအိတ်ထံမှ ထိုင်းငွေစက္ကူအတုများကို တစ်ထောင်လျင် ထိုင်းဘတ်ငွေ အစစ်(၃၀)ဘတ်နှုန်းဖြင့် လဲလှယ်ပေးရပြီး ၎င်းအနေဖြင့် တစ်ထောင်လျင် (၃၀၀)ဘတ်နှုန်းဖြင့် ပြန်လည်၍ ရောင်းတာဖြစ်ကြောင်း အမှုစစ်အဖွဲ့အား ထွက်ဆိုကြောင်း သိရသည်။

ယခု သိမ်းဆည်းရမိသည့် ထိုင်းဘတ်ငွေ တစ်ထောင်တန် အတု(၂၅၀)အပြင် ၎င်းတို့အနေဖြင့် ငွေစက္ကူနံပါတ်အဖြစ် 9 A 3828862 ပါရှိသည် တစ်ထောင်တန်အတု(၉၂)ရွက်အား သုံးစွဲထားပြီးဖြစ်၍ အဆိုပါ ငွေစက္ကူ(၉၂)ရွက်မှာ ပျံ့နှံ့နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာမှ လိုက်လံသိမ်းဆည်းနေပြီး၊ ယခုဖော်ပြပါ နံပါတ်ပါသည့် ငွေစက္ကူအတုအား လက်ခံရရှိပါက တာချီလိတ်မြို့မရဲစခန်းသို့ အပ်နှံပေးသွားရမှာဖြစ်ကြောင်းလည်း သိရသည်။


( မှင်နီဖြင့် ၀ိုင်းထားသည့် နေရာသည် မှတ်ထားရန်နေရာဖြစ်ပြီး နံပါတ်တူ (၉၂)ရွက်မှာ တာချီလိတ်အတွင်း ပျံ့နှံ့နေလျက်ရှိကြောင်း သိရသည် )


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ