Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

တောင်းဆိုထားသည့် ငွေကြေးဖြင့် ပြန်လည်ရွေးခြင်း မရှိပါက မလေးရှားနိုင်ငံသား ကို ခေါင်းဖြတ်မည်ဟု ဖိလစ်ပိုင်စစ်သွေးကြွများ ခြိမ်းခြောက်

မနီလာ ၊ ၁-၁၁-၂၀၁၄

အဘူဆေယက်ဖ် စစ်သွေးကြွများ (ပုံ)သည် ၄င်းတို့ လက်အတွင်း ဖမ်းဆီးခံ ထားရသည့် မလေးရှား နိုင်ငံသားတစ်ဦး ကို ၄င်းတို့ တောင်းဆို ထားသည့် ငွေကြေး ပေးအပ်၍ ပြန်လည် ရွေးခြင်း မရှိပါက ဓားစာခံကို ခေါင်းဖြတ် သတ်ဖြတ်မည် ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဘူဆေယက်ဖ် စစ်သွေးကြွ များသည် နိုဝင်ဘာလ အတွင်း ငွေမပေးပါက ဓားစာခံအဖြစ် ၄င်းတို့ ဖမ်းဆီးထားသည့် မလေးရှား နိုင်ငံသား ချန်ဆိုင်းချွန် ကို အဆုံးစီရင် သွားမည်ဟု
ခြိမ်းခြောက် ထားခြင်းဖြစ်ပြီး ၄င်း စစ်သွေးကြွ အဖွဲ့အနေဖြင့် ဓားစာခံ လွတ်မြောက်ရေး အတွက် ရင်းဂစ် သုံးသန်း ( ဒေါ်လာ ၉၁ဝဝဝဝ ) ခန့်ကို တောင်းဆို ထားကြောင်း သိရသည်။

စစ်သွေးကြွ များသည် ချန်ဆိုင်းချွန် ကို ၄င်း၏ ငါးမွေးမြူရေးခြံမှ ယခုနှစ် ဇွန် ၁၆ ရက်က ဖမ်းဆီး ပြန်ပေးဆွဲ သွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် ၄င်းကို အမည်ဖော်ပြ ထားခြင်း မရှိသည့်နေရာ ဒေသတွင် ဖမ်းဆီး ထားသည်ဟု စစ်သွေးကြွ များက ၄င်း၏ ဇနီးဖြစ်သူ ချင်ပက်ငွန် ကို ဆက်သွယ် ပြောကြား ထားကြောင်း သိရသည်။

အဘူဆေယက်ဖ် စစ်သွေးကြွ များသည် ဇူလိုင် ၂၇ ရက်မှစ၍ ခင်ပွန်းဖြစ်သူ နှင့် စကားပြောရန် ခွင့်ပြုခဲ့ခြင်း မရှိသောကြောင့် ၄င်း၏ အခြေအနေကို မသိရ သေးကြောင်း ဇနီးဖြစ်သူ ချင်က ကွာလာလမ်ပူမြို့ တွင်
ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုအခါ ချန် ပြန်လည် လွတ်မြောက်ရေး အတွက် မလေးရှား အစိုးရက အားသွန်ခွန်စိုက် လုပ်ဆောင်သွား မည်ဟု မျှော်လင့်လျက် ရှိကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့သည်။

အဘူဆေယက်ဖ် စစ်သွေးကြွ များသည် ကမ်းတက်တပ်ဖွဲ့မှ လုံခြုံရေးအရာရှိ တစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ