Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူငယ်(၂)ဦးပေါ်သို့ မြေကြီး သိုလှောင်ကန် ပြိုကျပိမိ

20 November 2014 21:39(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀.၁၁.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေတိဂုံ ဘုရားလမ်းနှင့်(၂၇)လမ်းကြားရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လူငယ်(၂)ဦးမြေပိမိမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြေကြီးများ သိုလှောင်ရာ၌ အသုံးပြုသည့် ပေ(၄၀)ပတ်လည်၊အမြင့်ပေ(၂၀)ခန့်ရှိ သံဖြင့် ပြုလုပ်ထားသော ကန်၏ (၂၇)လမ်းဘက်အခြမ်းရှိ သံကိုယ်ထည်မှာ ရွံမြေကြီးများ၏ အလေးချိန်ကြောင့် ပြိုကျသွားခဲ့ကြောင်း၊ ထိုသို့ပြိုကျခဲ့သဖြင့် အနီးတွင်ရှိနေသည့် မြေသယ်ယာဉ် ယာဉ်နောက်လိုက် ဖြစ်သော ကိုသူ (ခ)သူရိန်လှိုင်ဝင်းနှင့် ကိုပြည့်ဖြိုးအောင်တို့ (၂)ဦး အပေါ်သို့ မြေကြီးများ ပိသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့မြေပိမိသူ (၂)ဦးအား မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ၁၇၀၀ အချိန်တွင် ကိုသူ(ခ)သူရိန်လှိုင်ဝင်းအား ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ၁၇၃၀ အချိန်တွင် ကိုပြည့်ဖြိုးအောင်အား ကယ်ထုတ်နိုင်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ