တရုတ်အစိုးရ သည် နိုင်ငံအတွင်းရှိ လေယာဉ်တင် သင်္ဘော ဆိုက်ကပ်ထားရာ ဆိပ်ကမ်းကို ဓာတ်ပုံရိုက်ယူ ၍ နိုင်ငံခြားသား တစ်ဦးထံ ရောင်းချခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးအား ဖမ်းဆီး ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။
ချောင် အမည်ရှိ အဆိုပါ အမျိုးသားသည် အင်တာနက် ပေါ်မှ တစ်ဆင့် ၄င်း၏ လုပ်ဖော် ကိုင်ဖက်များ ကို လိုက်လံ ရှာဖွေစဉ် ပြည်ပနိုင်ငံ တစ်နိုင်ငံမှ ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့က ညွှန်ကြားသည့် အတိုင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။ ၄င်း အမျိုးသားသည် ချင်းတောင်မြို့ရှိ လေယာဉ်တင် သင်္ဘော ဆိုက်ကပ်ရာ ရေတပ်စခန်းမှ သင်္ဘောကို ဓာတ်ပုံရိုက်ယူ ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော် လိုသူ ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။
ထို့ပြင် ချောင် သည် တားမြစ် ထားသည့် စစ်စခန်း အတွင်းသို့ ဝင်ရောက်၍ ဓာတ်ပုံများကို ရိုက်ကူးခဲ့ပြီး မီဒီယာတစ်ခုမှ အယ်ဒီတာ တစ်ဦးထံသို့ ပေးပို့ခဲ့သည်။ အလားတူ တရုတ် အစိုးရသည် နိုင်ငံ၏ ထောက်လှမ်းရေး သတင်းများကို ပြည်ပနိုင်ငံ သို့ ရောင်းချခဲ့သည့် ဘွဲ့ရကျောင်းသား တစ်ဦးကို ယခုနှစ် သြဂုတ်လ အတွင်းက ဖမ်းဆီးရမိ ခဲ့သည်။
နိုင်ငံ၏ ထိပ်တန်း လျှို့ဝှက်ချက် များကို ပေါက်ကြား စေသည့် မည်သူကိုမဆို ပြစ်မှုထင်ရှား ပါက အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရဖွယ် ရှိကြောင်း အာဏာပိုင် များက ပြောကြား ထားကြောင်း သိရှိရသည်။
![]() |
| China arrests man for spying on aircraft carrier base |




































No comments:
Post a Comment