20 November 2014 03:35(+0630)
(လွန်ခဲ့သော 14 နာရီ ခန့်က)
ဗြိတိန်အခြေစိုက် ချို့ငဲ့သူများ အကူအညီ ပေးရေး CAD ဖောင်ဒေးရှင်းရဲ့ ကမ္ဘာ
တ၀ှမ်း လေ့လာ ကောက်ယူတဲ့ စစ်တမ်းအရ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ
ကမ္ဘာပေါ်မှာ အလှူသဒ္ဒါတရား အထက်သန်ဆုံး ထိပ်တန်း စာရင်းဝင် နိုင်ငံတွေ
ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ကနေဒါ၊
အိုင်ယာလန်၊ နယူးဇီလန်၊ သြစတြေးလျ၊ မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ
အလှူသဒ္ဒါစိတ် အထက်သန်ဆုံး နံပါတ်-၁ စာရင်းဝင်နိုင်ငံတွေဖြစ် တယ်လို့ CAD
အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းက အဆင့် ၂၁၊ အင်ဒိုနီးရှားကအဆင့် ၁၃ နဲ့ ဖိလစ်ပိုင်က အဆင့် ၃၀ မှာရှိတယ် လို့လည်း သိရပါတယ်။
ကမ္ဘာပေါ်မှာ အလှူသဒ္ဒါစိတ်အနည်းပါးဆုံးနိုင်ငံတွေကတော့ ယေမင်၊ ဗင်နီဇွဲလား၊
ပါလက်စတိုင်း၊ အီကွေဒေါ၊ တရုတ်၊ ရုရှား၊ ခရိုအေးရှားနဲ့
ဘူဂေးရီးယားနိုင်ငံတွေ ဖြစ်တယ်လို့လည်း CAD ဖောင်ဒေးရှင်းရဲ့ စစ်တမ်းအရ
သိရပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment