Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်ရေးကို ဝေဖန်နေကြ

20 November 2014 03:39(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
၂၀ဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ လုပ်နိုင်တော့မယ် လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ရက်နေ့က ပြောကြားလိုက်တဲ့ အပေါ် နိုင်ငံရေးပါတီ အတော်တော်များရဲ့ သဘောမတွေ့တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက တဦးအနေနဲ့ ဒီလိုပြောခွင့် ဒီလိုလုပ်ခွင့်ရှိသလားလို့ လည်း မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ခေါ်ဖို့ အစည်းအဝေး အစီအစဉ်ထဲမှာ ထည့်သွင်းမယ် မထည့်သွင်းဘူး စတာတွေကို ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်တဲ့ သူရ ဦးရွှေမန်းအနေနဲ့ လုပ်ပိုင်ခွင့်ရှိပေမယ့်လည်း လွှတ်တော်မှာ အဆုံးအဖြတ်မယူပဲ အခုလို ပြောတာကိုတော့ လက်မခံနိုင်ဘူးလို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

အဲန်အယ်လ်ဒီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကတော့ ဦးရွှေမန်းဟာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ပြန်ဖြေခဲ့တာသာ ဖြစ်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်မဟုတ်ဘူးလို့ ပြောပါတယ်။

တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ ကိုလုံးဝ အထိမခံတဲ့ အနေအထားမှာ ရှိနေပေမယ့် ၄၃၆ မှာ အကျုံးမဝင်တဲ့ ပြင်လို့ရနိုင်တဲ့ အချက်တွေ အများကြီး ရှိသေးတယ်၊ ဒါတွေ ဆက်လုပ်ရအုံးမှာဖြစ်တယ်၊ ဦးရွှေမန်းက အခုလို ပြောခဲ့တာဟာ လွှတ်တော်မှာ ချမပြဘဲ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုင်းရင်းသားပါတီ ၂၀ ကျော်ကို ကိုယ်စားပြုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္ကဌ ၂ ဦးစောသန်းမြင့် ကပြောပါတယ်။


ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ