Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များအား နှောင့်ယှက်မှုများ မပြုလုပ်ရန် သတိပေး

21 November 2014 11:38(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
နေပြည်တော် ၊ ၂၁-၁၁-၂၀၁၄

တပ်မတော် အနေဖြင့် ပုံမှန်လုပ်ငန်းစဉ် ဖြစ်သည့် လုံခြုံရေး တာဝန်များ လဲလှယ်ခြင်း၊ ရိက္ခာပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင် ဖောက်လုပ်ခြင်း များအား သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသို့ အခါအားလျော်စွာ ကြိုတင် အသိပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခဲ့ သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ၂ဝ၁၄ခုနှစ် ဇွန် ၁ရက်၊ စက်တင်ဘာ ၁၃၊ ၂၆ ရက်နှင့် အောက်တိုဘာ ၂၇ ၊ ၂၈ ရက်တို့တွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ် မြို့နယ်ခွဲ၊ လွယ်ရင်းကျေးရွာ အနီးရှိ တပ်မတော် စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ (KIO) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ ပါသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ တွင်လည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပလောင်ဒိန်ဆာ ရွာအနီး နယ်မြေ လုံခြုံရေး အတွက် ပုံမှန် တာဝန်လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့် စောင့်ဆိုင်း နေသော ကေအိုင်အေ (ကချင်) အဖွဲ့တစ်ဖွဲ့မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည် (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှတစ်ဆင့် ကေအိုင်အေ (ကချင်) အဖွဲ့ထံ သတိပေး အကြောင်းကြား ခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်နေ့ ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ်ကျေးရွာ အနီးအရောက် ကေအိုင်အေ (ကချင်) အဖွဲ့အင်အား (၈ဝ)ခန့်သည် အရပ်မျက်နှာ အသီးသီး မှ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သည် တစ်ဦး ထပ်မံထိခိုက် ဒဏ်ရာရခဲ့သည်။

သို့ဖြစ်၍ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံ ပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာ နိုင်စေရေး တို့အတွက် မိမိဘက်မှ စတင် ပစ်ခတ် တိုက်ခိုက်မှု မဖြစ်ပွားစေရေး အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ် လုပ်ဆောင်၍ အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် လက်အောက်ခံ တပ်ဖွဲ့ဝင် များသို့ ထိန်းသိမ်း ကြပ်မတ် နိုင်ရေး ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှတစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့(KIO) ထံ ထပ်မံ အကြောင်းကြား ခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်း မှလည်း နယ်မြေအတွင်း ပုံမှန် ရိက္ခာတင်ပို့ရန် လမ်းကြောင်း ဖောက်လုပ်မှု အပေါ် နှောင့်ယှက် ပစ်ခတ်ခြင်း မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ်သလို တန်ပြန် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေး ခဲ့ကြောင်း သိရသည်။

သို့သော် ကေအိုင်အေ (ကချင်) အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိမိ တပ်မတော်မှ ပုံမှန်ပြုလုပ် ဆောင်ရွက်မှု ဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်း အတွက် ဆမားလမ်းခွဲ - ဂဂမ်လမ်းပိုင်း ဖောက်လုပ် နေသော စစ်သည်များနှင့် မြေထိုးယာဉ်အား လက်နက်ကြီး များဖြင့် ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ရ ကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်ရေးအတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင်ရွက်ခြင်း နှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန် အတွက် အကြိမ်ကြိမ် ဆက်သွယ် သတိပေးခဲ့ သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့အနေဖြင့် လက်အောက် အဖွဲ့ များအား ထိန်းသိမ်း ကြပ်မတ်မှု မရှိဘဲ ဒေသအတွင်း စစ်ရှိန်မြင့်မား စေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင် လာသဖြင့် အဆိုပါ ဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက် နေမှုကို အာမခံ နိုင်သည့် နိုင်ငံရေး သဘော တူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသအတွင်း စစ်ရှိန် လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ တစ်ဖက်မှလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်း နှင့် အထောက်အကူ လမ်းဖောက်လုပ် ခြင်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိရာ ကေအိုင်အေ (ကချင်)အဖွဲ့အနေဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင် သည့် စစ်ကြောင်းများအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက် လုပ်သော စစ်သည်၊ ဝန်ထမ်း များအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ