Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ဘာသာရေးခေါင်းဆောင် ရသေ့ကို လူသတ်မှုဖြင့် အိန္ဒိယရဲ ဖမ်းဆီး

21 November 2014 12:00(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
အိန္ဒိယရဲတွေက လူသတ်မှုနဲ့ အဖမ်းခံဖို့ ငြင်းဆန်နေတဲ့ ဘာသာရေး ခေါင်းဆောင်ဆိုသူ အသက် ၆၃ နှစ်အရွယ် ရမ်ပယ်လ် မဟာရတ်ဂ်ျကို သူ့ရသေ့ကျောင်းထဲမှာ မီးသတ်ပိုက်တွေနဲ့ ရာဘာ ကျည်ဆန်တွေကိုသုံးပြီး နိုဝင်ဘာ ၁၉ ရက်နေ့က စီးနင်း ဖမ်းဆီး ခဲ့ရပါတယ်။

ဒီရသေ့ကို လူသတ်ဖို့ကြိုးစားမှု၊ အဓိကရုဏ်း ဖန်တီးမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေနဲ့ဖမ်းပြီး တရားစွဲထားပြီလို့ ဟာယနပြည်နယ်အစိုးရ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

သူတို့ဆန္ဒမပါဘဲ အနေခိုင်းခံရသူ အများအပြားပါတဲ့ သူ့နောက်လိုက် အယောက် ၁ သောင်းလောက်ကို နေရာရွှေ့ခိုင်းအပြီး အလောင်း ၆ လောင်းကို ရှာတွေ့ခဲ့တာပါ။

အမျိုးသမီးအလောင်း ၅ လောင်းနဲ့ မွေးကင်းစကလေးအလောင်းတွေမှာ ဘယ်လိုဒဏ် ရာကိုမှ မတွေ့သလို သူတို့အလောင်းတွေကို ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ရဲက ပြောပါတယ်။

၂၀၀၆ ခုနှစ်က ဒီရသေ့ဟာ သူ့နောက်လိုက်တွေကို ရွာသားတွေဆီ သေနတ်နဲ့ပစ်ခိုင်းခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ စွပ်စွဲခံထားရပါတယ်။

သူ့ကိုဖမ်းဖို့ တရားသူကြီးက အမိန့်ထုတ်အပြီး ကျန်ခဲ့တဲ့ သီတင်းပတ်က တင်းမာမှုတွေ မြင့်လာတာပါ။ သူဟာ တရားရုံးက ဆင့်ခေါ်မှုအကြိမ် ၄၀ ကျော်ကို လျစ်လျူရှုခဲ့ပါတယ်။

ရမ်ပယ်လ်ဟာ ၁၅ ရာစုနှစ်က ကဗျာဆရာနဲ့ အသိဉာဏ်ထူးရှင် ကာဘီရ်ကို ကိုးကွယ်တဲ့ ဘာသာရေးအုပ်စုကို ခေါင်းဆောင်သူ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ