18 November 2014 13:15(+0630)
(လွန်ခဲ့သော 6 နာရီ ခန့်က)
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အနေနဲ့ လာမယ့် ၂ဝ၁၅ မှာ သမ္မတအဖြစ်
ရည်မှန်း ထားကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သမ္မတနဲ့ ကာချုပ် သဘောထားပေါ်
မူတည်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီဖွဲ့စည်းပုံနဲ့သာ သွားမှာဖြစ်ကြောင်း၊
ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလုပ်ဆောင်မှုတွေဟာ နောက်အစိုးရလက်ထက်မှာသာ
အကောင်အထည် ဖော်မှာ ဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေကန့်ကွက်နေတဲ့ အမျိုးသား ပညာရေး ဥပဒေကို လွှတ်တော်ကို
တင်ပြလာမယ်ဆိုရင် လွှတ်တော်ဥက္ကဌ အနေနဲ့ စဉ်းစားပေးမှာ ဖြစ်ကြောင်းလည်း
ပြောခဲ့ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment