Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

အမေရိကန် လူဝင်မှု ဥပဒေကို အိုဘားမား ပြုပြင် ပြောင်းလဲ

21 November 2014 23:35(+0630) (လွန်ခဲ့သော 19 နာရီ ခန့်က)
သမ္မတ အိုဘားမားက သူရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး အမေရိကန် ပြည်ထောင်စုရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြုပြင် ပြောင်းလဲ လိုက်တာကြောင့် အမေရိကန် နိုင်ငံ အတွင်းက သန်းနဲ့ ချီတဲ့ တရားမဝင် နေထိုင် သူတွေ အနေနဲ့ အလုပ်လုပ်ခွင့် ပါမစ်တွေ လျှောက်ထား နိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုချက်ကို မယူဘဲ ထုတ်ပြန် လိုက်တဲ့ အခုလို လူဝင်မှု ဥပဒေ ပြုပြင် ပြောင်းလဲရေး အစီအစဉ်ဟာ အမေရိကန် နိုင်ငံ အတွင်းက လူ ၄ သန်းလောက်ကို ယာယီ နေထိုင်ခွင့်တွေ ရရှိစေမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား အနေနဲ့ ပြီးခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူရဲ့ ဒီမိုကရက်တစ် ပါတီက ဆီးနိတ် လွှတ်တော်ကို ချုပ်ကိုင်နိုင်မှု လက်လွှတ် လိုက်ရတဲ့ နောက်ပိုင်း ပထမဆုံး ထုတ်ပြန် လိုက်တဲ့ အဓိက ကျတဲ့ ပေါ်လစီပိုင်း ဆိုင်ရာ အပြောင်းအလဲ ဖြစ်ပါတယ်။

အတိုက်အခံ ရီပက်ဘလီကန် တွေကတော့ သမ္မတ အိုဘားမားဟာ အာဏာကို အလွဲသုံးတယ် လို့ စွပ်စွဲ ခဲ့ကြပါတယ်။

ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အမေရိကန် လူဝင်မှု စနစ်ကို ကွန်ဂရက် အနေနဲ့ ပြင်ဆင်ဖို့ အကြိမ်ကြိမ် ပျက်ကွက် ခဲ့တာတွေကြောင့် သူ့အနေနဲ့ တစ်ကိုယ်တော် ဆောင်ရွက်ရတာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

အခု ပြုပြင် လိုက်တဲ့ အစီအစဉ် အရ အမေရိကန် နိုင်ငံမှာ တရားဝင် နေထိုင် နေသူ သားသမီးတွေရဲ့ မိဘတွေအဖို့ ၅ နှစ်ကြာ နေထိုင်ခဲ့ပြီးရင် အလုပ်လုပ်ခွင့် ပါမစ်ကို လျှောက်ထား နိုင်ကြမှာ ဖြစ်သလို၊ တရားဝင် နေထိုင်နေတဲ့ မိဘတွေရဲ့ နောက်မှ ရောက်လာတဲ့ သားသမီးတွေဟာလည်း တရားဝင် နေထိုင်ခွင့် သက်တမ်းကို တိုးမြှင့် ရရှိမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တရားမဝင် နေထိုင်နေသူ စုစုပေါင်း ၁၁ သန်းလောက် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။


ကွန်ဂရက်က ပြင်ဆင်ဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့လို့ ခုလို တစ်ကိုယ်တော် လုပ်ဆောင်ရတာလို့ အိုဘားမား ပြော

အိုဘားမားရဲ့ ကြေညာချက်ကြောင့် ပျော်မြူး နေသူတွေ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ