ဝမ်းရောဂါကြောင့် လည်းကောင်း၊ အခြားသော ကျန်းမာရေးနှင့် မညီညွတ်သော၊ သန့်ရှင်းမှု အားနည်း သော အခြေအနေများမှ တစ်ဆင့် ဖြစ်ပွားသည့် ရောဂါများကြောင့် လည်းကောင်း အိန္ဒိယရှိ ကလေးငယ် များစွာ နှစ်စဉ် သေဆုံး လျက်ရှိကြောင်း သိရသည်။
အိမ်သာမရှိသည့် အတွက် အဆင်ပြေသလို ဖြေရှင်း နေရသည့် အမျိုးသမီးများ အနေဖြင့်လည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကား ခံရမှုများ ပိုမိုကြုံတွေ့နေရသည်။
အဆိုပါ အခြေအနေများ ပြောင်းလဲလာရန်အတွက် နယူးဒေလီမြို့တော်တွင် အင်္ဂါနေ့က လူရာနှင့်ချီ ချီတက်ဆန္ဒပြခဲ့ကြပြီး အိမ်သာများ ပိုမိုဆောက်လုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူအချို့ကလည်း သယ်ယူ၍ ရသည့် အိမ်သာခွက်များကို ကိုင်ဆောင်လာခဲ့ကြသည်ဟု ဆိုသည်။
လွန်ခဲ့သည့်နှစ်က ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၁၉ ရက်နေ့အား “ကမ္ဘာ့အိမ်သာနေ့” World Toilet Day အဖြစ် သတ်မှတ် ပေးခဲ့သည်။
ကမ္ဘာပေါ်ရှိ လူပေါင်း သန်း ၁၀၀၀ ခန့်သည့် မိမိတို့နေအိမ်များ၌ သင့်လျော်သည့် မိလ္လာစနစ်မရှိသည့်အတွက် အိမ်အပြင်ထွက်၍ ကိစ္စရှင်းနေရကြောင်း သိရသည်။
အိန္ဒိယ၀န်ကြီးချုပ်နာရန္ဒြာမိုဒီကလည်း အိမ်သာများ တည်ဆောက်ပေးရေးသည် ၎င်း၏ ဦးစားပေးလုပ်ငန်းစဉ်များအနက်မှ တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။




































No comments:
Post a Comment