ဒီ ဥပဒေကျောင်းသားတွေဟာ ၀န်ကြီးချုပ်ရဲ့ မိန့်ခွန်းကိုနားထောင်ဖို့အတွက် ခေါင်ကန် ခရိုင်ခန်းမကို ရောက်ရှိလာစဉ်ဆန္ဒပြခဲ့ကြတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်က စတင်စကားပြောတဲ့ အချိန်မှာ ကျောင်းသားတွေဟာ အပေါ်အင်္ကျီကို ချွတ်ပြီး အတွင်း တီရှပ်ပါ စာသားကိုတွေကို ပြသခဲ့ပါတယ်။ တဦးချင်း အင်္ကျီက စာတန်းကို ဆက်စပ်မယ်ဆိုရင် အာဏာသိမ်းတာကို ဆန့်ကျင်တယ်လို့ အဓိပ္ပါယ်ရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်ကတော့ ဒီနေရာကို ရည်ရွယ်ချက်ကောင်းနဲ့ လာရောက်တာ ဖြစ်ပြီး ဆန္ဒပြတဲ့သူတွေ ရှိနေသလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ကျောင်းသားတွေကို ပြုပြင်ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
![]() |
| ဓာတ်ပုံ - ဘန်ကောက်ပို့စ် |




































No comments:
Post a Comment