သေဆုံးသူ ပီတာဟာ အမေရိကန်နိုင်ငံသာ ကယ်ဆယ်ရေးလုပ်သားတယောက်ဖြစ်ပါတယ်။
သူအသတ်ခံရတာ မှန်ကန်ကြောင်း အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက အတည်ပြုပြောကြားခဲ့ပါတယ်။
ပီတာဟာ အသက် ၂၆ နှစ်အရွယ်ကယ်ဆယ်ရေး လုပ်သားတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ဆီးရီးယားမှာ ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို သတ်တဲ့ ဗီဒီယို ရုပ်သံမြင်ကွင်းတွေကို ပြသခဲ့သလို တခြား ဆီးရီးယားနိုင်ငံသား ၁၈ ယောက်ကို ခေါင်းဖြတ်သတ်တဲ့ပုံတွေကိုလည်း ပြသခဲ့ပါတယ်။
သူတို့အားလုံးဟာ ဆီးရီးယား စစ်တပ်အရာရှိတွေနဲ့ လေယာဉ်မှူးတွေလို့ ဆိုပါတယ်။
သတ်ဖြတ်သူကတော့ ဗြိတိသျှနိုင်ငံသားလို့ ယူဆရသူ ခေါင်းစွပ်စွပ်ထားတဲ့သူပဲဖြစ်ပါတယ်။
အရင်တုန်းကနဲ့ အခုဗီဒီယိုမှာ ကွာခြားတာတခုကတော့ အခုတခါမှာ အိုက်ဇစ်အဖွဲ့သားတွေ အများအပြားရဲ့ မျက်နှာကို ပါပြသထားသလို ဗီဒီယိုရိုက်တဲ့သတ်ဖြတ်တဲ့နေရာဟာ ဆီးရီးယား အလက်ပိုပြည်နယ် ဒါဘစ် မှာ ဖြစ်တယ်ဆိုတာကို ထုတ်ပြောထားတဲ့ အချက်ပါ။




































No comments:
Post a Comment