Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

အစ္စလာမ်မစ် အဖွဲ့ Peter Kassig ကိုလည်လှီးသတ်

17 November 2014 09:30(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
အမေရိကန်နိုင်ငံသား ​Abdul-Rahman ​Kassig ​ခေါ် ​Peter ​Kassig ​ကို ​လည်လှီး သတ်ဖြတ်လိုက်ပြီလို့ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​အဖွဲ့က ​ပြောပါတယ်။

Peter ​Kassig ​ဟာ ​အစ္စလာမ် ​ဘာသာကို ​ကူးပြောင်းပြီး ​Abdul-Rahman ​Kassig ​ဆိုတဲ့ ​နာမည်ကို ​ခံယူခဲ့သူဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ​ကူညီထောက်ပံ့ရေးတွေ ​လုပ်ရင်း ​အရင်နှစ်က ​ဖမ်းဆီးခံခဲ့ရတာ ​ဖြစ်ပါတယ်။

ညတုန်းက ​ထွက်ပေါ်လာတဲ့ ​ဗီဒီယိုအရ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့က ​Peter ​Kassig ​ရဲ့ ​အလောင်းကို ​ပြသထားပါတယ်။ ​Peter ​Kassig ​ဟာ ​အမေရိကန် ​စစ်သားဟောင်း ​ဖြစ်ခဲ့ပြီး ​နောက်ပိုင်းမှာတော့ ​ဆီးရီးယားနိုင်ငံမှာ ​ကူညီထောက်ပံ့ရေး ​လုပ်ဆောင်တဲ့ ​အမှုထမ်း ​ဖြစ်လာခဲ့ပါတယ်။

အမေရိကန် ​အာဏာပိုင်တွေကလည်း ​ဗီဒီယို ​ထဲမှာ ​ပြသထားတဲ့ ​လူဟာ ​Peter ​Kassig ​ရဲ့ ​အလောင်း ​ဟုတ်မဟုတ်ဆိုတာကို ​စုံစမ်းနေပြီး ​သူ့ရဲ့ ​မိသားစုတွေကလည်း ​အာဏာပိုင်တွေရဲ့ ​အတည်ပြုပေးမှုကို ​စောင့်ဆိုင်းနေတယ်လို့ ​ပြောပါတယ်။

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကနေ ​တင်ထားတဲ့ ​အရင် ​ဗီဒီယိုတွေမှာတော့ ​ဖမ်းဆီးခံရသူတွေကို ​စကားပြောခိုင်းလေ့ရှိပေမယ့် ​ဒီတချီမှာတော့ ​သေဆုံးနေတဲ့ ​ပုံကိုသာ ​ပြသထားပါတယ်။

အဲဒီ ​ဗီဒီယိုထဲမှာတော့ ​ဒီပုံတွေကို ​ဆီးရီးယားနိုင်ငံ ​Dabiq ​မြို့မှာ ​ရိုက်ကူးခဲ့တယ်လို့ ​ပြောဆိုထားပြီး ​အဲဒီဗီဒီယို ​ထဲမှာပဲ ​ဆီးရီးယား ​စစ်သား ​၁၂ ​ယောက်လောက် ​လည်လှီးသတ် ​ခံရတဲ့ ​ပုံတွေကိုလည်း ​ပြသထားပါတယ်။

နယူးယောက်ထိုင်းမ်စ် ​မှာ ​ဖော်ပြချက်အရ ​အဲဒီ ​ဗီဒီယိုဟာ ​IS ​အဖွဲ့က ​ထုတ်ပြန်ထားတဲ့ ​ဗီဒီယို ​အစစ်အမှန် ​ဖြစ်တယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောဆိုကြောင်း ​ဖော်ပြထားပါတယ်။



Peter Kassig ဟာ အစ္စလာမ်ဘာသာ ဝင်ခဲ့ပြီး Abdul Rahman Kassig ဆိုတဲ့ နာမည်ကို ခံယူခဲ့သူ ဖြစ်ပါတယ်။ (


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ