Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

ဂြိုဟ်ဆင်းယာဉ် ကြယ်တံခွန်ပေါ်မှာ ပြဿနာ ကြုံနေ

14 November 2014 04:15(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)
ဗုဒ္ဓဟူးနေ့က ကြယ်တံခွန် ပေါ်ကို ခက်ခက်ခဲခဲ ဆင်းသက် ခဲ့ရတဲ့ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ အခုတော့ ကြယ်တံခွန် မျက်နှာပြင် ပေါ်မှာ တည်တည် ငြိမ်ငြိမ် ရပ်နား လိုက်နိုင်ပြီး ဓာတ်ပုံတွေ စတင် ပို့ပေး နေပေမယ့် သူ့ရဲ့ ဘက်ထရီ သက်တမ်းနဲ့ ပတ်သက်လို့တော့ စိုးရိမ် နေရတယ်လို့ သိရပါတယ်။

ကြယ်တံခွန် မျက်နှာပြင်ပေါ်ကို ဆင်းသက်စဉ်က ၂ ကြိမ်တိုင် အာကာသထဲ ပြန်လွင့်စင် ထွက်ခဲ့ပြီးနောက် မူလ ရည်ရွယ် ထားတဲ့ နေရာကနေ ၁ ကီလိုမီတာ အကွာမှာ ရှိတဲ့ ကျောက်ဆောင် တစ်ခုရဲ့ အရိပ်ထဲမှာ ရပ်နား လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ ဘက်ထရီကို အားပြန်သွင်းဖို့ အတွက် နေရာင်ခြည် လုံလုံလောက်လောက် မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

Philae ဂြိုလ်ဆင်း ယာဉ်ကို ကြယ်တံခွန်ပေါ်မှာ ကျောက်ချ ချိတ်တွယ် ထားသေးတာ မဟုတ်တဲ့အတွက် အဲဒီနေရာမှာပဲ အခြေချ ထားရှိမလား၊ တခြား ပိုကောင်းတဲ့ နေရာကို ရွှေ့ရမလား ဆိုတာကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အာကာသ ခရီးစဉ် နှစ်ပေါင်း ၁၀ နှစ် ကြာခဲ့ အပြီးမှာ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ ကြယ်တံခွန် တစ်ခုပေါ် ပထမဆုံး ဆင်းသက် နိုင်တဲ့ အာကာသယာဉ် အဖြစ် သမိုင်း မှတ်တိုင် ထူလိုက် နိုင်ခဲ့ပါတယ်။


philae ယာဉ် ဆင်းသက်စဉ် ရိုက်ထားတဲ့ ပုံ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ