Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 13, 2014

ဂျပန်က မြန်မာကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ ထုတ်ချေးမည်

13 November 2014 11:22(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၈ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၅ ဒသမ ၈ ဘီလျံ ချေးငွေ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

အခုလို ချေးငွေပေးအပ်ဖို့ကိစ္စကို နေပြည်တော်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းအဝေးနဲ့ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့ပြီး ဒီကနေ့လည်း အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲနဲ့ ASEAN+3 အစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က အာဆီယံ-ဂျပန်အစည်းအဝေးပွဲမှာတော့ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ အာဆီယံ-ဂျပန်လွတ်လပ်တဲ့ ကုန်သွယ်မှုနယ်မြေ အကောင်အထည်ဖော်ရေးနဲ့ ဂျပန်က အဓိကရင်နှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ သီလ၀ါအထူး စီးပွားရေးဇုန်မှတဆင့် ဒေသအဆင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့်ဆောင်ရွက် ရေး ပူးပေါင်းလုပ်ဆောင်ကြရေး စတာတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သီးခြား တွေ့ဆုံပွဲမှာတော့ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနဲ့ အလတ်စား စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး၊ သီလ၀ါနဲ့ ထားဝယ် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေအပြင် ရန်ကုန်မှာ သယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်မီး ရရှိရေးကိစ္စ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အကြောင်းနဲ့ မကြာမီ တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး သဘောတူလက်မှတ်ထိုးနိုင်မယ့်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ