Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 13, 2014

ငပလီပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏သမီး အဆောက်အဦ ဆောက်လုပ်မှု ဒေသခံအချို့ကန့်ကွက်

13 November 2014 11:27(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)

သတွဲ ငပလီ ပင်လယ်ကမ်းခြေတွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးက အဆောက်အဦ တစ်ခု ဆောက်လုပ်ရန် ပြင်ဆင်နေမှုကို နိုဝင်ဘာ ၁၂ ရက်နေ့က ဒေသခံအချို့ သွားရောက် ကန့်ကွက် ခဲ့ကြသည်။

သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက်အတွင်းရှိ ပင်လယ်ကမ်းခြေပေါ်တွင် ယခင်ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးက အမျိုးအမည်မသိရသေးသည့် အဆောက်အဦ တစ်ခုကိုဆောက်လုပ်ရန်အတွက် လုပ်ငန်းစတင်ချိန်တွင် ထိုသို့ ကန့်ကွက်ခံခဲ့ရခြင်း ဖြစ်သည်ဟု  သွားရောက်ကန့်ကွက်ရာတွင်ပါဝင်ခဲ့သူ သံတွဲရခိုင်လူမှုကွန်ရက်မှ ကိုစိန်ချစ်က နိရဉ္စရာသို့ ပြောသည်။

“ ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ ဆောက်လုပ်ရေးအလုပ်အသမားအချို့နဲ့ ကမ်းခြေမှမြေတွေကို တူးဖေါ်နေကြတာကို တွေ့ရပါတယ်။ သူတို့ တူးဖေါ်နေတဲ့နေရာဟာ အများနဲ့ သက်ဆိုင်နေတဲ့ နေရာဖြစ်တဲ့ အတွက် ဆက်လက်မလုပ်ဆောင်ဖို့ သံတွဲ ဒေသခံ ၂ဝ ခန့်က သွားရောက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်” ဟု ဆိုသည်။

အဆိုပါအဆောက်အဦကို ပင်လယ်ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်သည်သာမက ကမ်းခြေပေါ်ရှိ ပင်လယ်ထွက်ပေါက်တစ်ခုဖြစ် သော ချောင်းလက်တက်ငယ် ကိုလည်း ပိတ်ဆို့ဆောက်လုပ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။

“ နောက်ဆက် တွဲဆိုးကျိုးများကို ဒေသခံများ ခံစား လာရနိုင်တဲ့ အတွက် ကန့်ကွက်ခဲ့ကြတာပါ” ဟု သူက ဆက်ပြောသည်။

အများနှင့်သက်ဆိုင်သည့် (Public Area) နေရာတွင် ယင်းကဲ့သို့အဆောက်အဦများ ဆောက်လုပ် လိုက်ခြင်းဖြင့် ကမ္ဘာကျော် သံတွဲ ငပလီ ကမ်းခြေအလှလည်းပျက်စီးသွားမည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်လာနိုင်သည့် အတွက်လည်း ယခုကဲ့သို့ကန့်ကွက်နေရခြင်းဖြစ်ကြောင်း ကိုစိန်ချစ်က ဆက်ပြောသည်။

“ကမ်းခြေအပြင် အဲဒီချောင်းငယ်လေးထဲကိုလည်း တိုင်တွေထိုးစိုက်နေတာ။ အဲဒီလိုပိတ်ဆို့ ဆောက် လုပ်လိုက်ရင်တော့ မြို့ထဲက ရေစီးတွေဟာ ချောင်းအတိုင်း ပင်လယ်ထဲကိုမဆင်းတော့ဘဲ ဒေသခံတွေအတွက် အများကြီး ဒုက္ခရောက်လာနိုင်တယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ကန့်ကွက်ခဲ့ကြသည့်အတွက် အဆိုပါအဆောက်အဦဆောက်လုပ်နေမှုကို ခေတ္တရပ်နားထား သော်လည်း အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ကန့်ကွက်သူများက ဆိုသည်။

ယခုနှစ်အစောပိုင်းက ငပလီကမ်းခြေကို မြို့အဆင့် အစိုးရက တိုးချဲ့ ပြောင်းလဲသတ်မှတ်လိုက်သည့် အတွက် အဆိုပါကမ်းခြေမှာ စီးပွားရေးလုပ်ငန်းရှင်များ၏ အာရုံစိုက်ရာ အဓိကပစ်မှတ်တစ်ခုဖြစ်လာသော်လည်း ဒေသခံများအတွက်မူ အကျိုးဖြစ်ထွန်းမှု နည်းပါးနေသေးသည်ဟု သိရသည်။

ယခုကဲ့သို့ဖြစ်နေရခြင်းမှာ ယခင်စစ်အစိုးရလက်ထက်က ဒေသတွင်းမှ မတရားသိမ်းဆည်းထားခဲ့သည့် မြေများနှင့် အဆောက်အဦ များကို ယခုအစိုးရလက်ထက်အထိ တာဝန်ယူဖြေရှင်းမပေးနိုင်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံအချို့က မှတ်ချက်ပြုသည်။

“သံတွဲ ငပလီ ပင်လယ်ကမ်းခြေတွေမှာ ဒေသခံတွေပိုင်တဲ့မြေက အရင်က အများကြီးဘဲ။ အခုတော့ မရှိသလောက်ဖြစ်သွားပါပြီ ”ဟု သံတွဲခရိုင် ငပလီမြို့ မှ ကိုနီထွန်းအောင်က ဆိုသည်။

ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ သမီးဖြစ်သူ ဒေါ်သိမ့်သိမ့်စိုးကို အဆက်အသွယ်  ရရှိခြင်း မရှိသောကြောင့် သူတို့၏ သဘောထားကို မေးမြန်းခွင့် မရရှိခဲ့ပါ။


သံတွဲ ငပလီကမ်းခြေတစ်နေရာ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ