Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

မြန်မာလူငယ်နှစ်ဦး အာမခံ ဘတ်ငွေ ၅ သိန်း ထိုင်းတရားရုံး သတ်မှတ်

21 November 2014 02:50(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာ အလုပ်သမားနှစ်ဦး အတွက် ဘတ်ငွေ ၅သိန်းနဲ့ အာမခံ လျှောက်ထားနိုင်ကြောင်း Koh Samuei ခရိုင် တရားသူကြီးက ဒီနေ့ ပြောလိုက်ပါတယ်။

မြန်မာအလုပ်သမားနှစ်ဦးကို ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ခရိုင်တရားသူကြီးက ပြောလိုက်တာဖြစ် တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"သက်တမ်းထပ်တိုးပါတယ်၊ ၂ ရက် ၆ လ ၂ဝ၁၄ အထိ အကျုံးဝင်ပါတယ်၊ ဒီကြားထဲမှာ ကလေးဖက်ကလည်း သံရုံးရဲ့ထောက်ခံချက်နဲ့ အာမခံလျှောက်ထားမယ် ဆိုရင်တော့ ခိုင်လုံတဲ့ တစ်ယောက်ကို ၅ သိန်းတန်နဲ့ အာမခံလျှောက်ထားမယ်ဆိုရင်တော့ တရားသူကြီး အနေနဲ့ စဉ်းစားပေးလို့ရတယ်ဆိုတာ တရားရုံးအနေ နဲ့ပြောလိုက်တာပါ"

မြန်မာအလုပ်သမား နှစ်ဦးကို အာမခံရရှိအောင် သံရုံးထောက်ခံချက်နဲ့ မကြာခင်လျှောက်ထားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဥပဒေအရ အမှုတည်ဆောက်ဖို့အတွက် ရမန် ၇ ကြိမ်ထိ လျှောက်နိုင်ပြီး အမှုမတင်နိုင်ရင် တရားခံတွေကို တရားသေအဖြစ် ကွင်းလုံးကျွတ်လွတ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Kho Samuei ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အဲဒီ့ကျွန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားနှစ်ဦး သတ်တာဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ