Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှု UNFC ပြစ်တင်ရှုတ်ချ

21 November 2014 02:48(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)
နိုဝင်ဘာ ၁၉ ရက်နေ့က ခရာဘွမ်အခြေစိုက် မြန်မာ့ တပ်မတော်တပ်ရင်း ၃၈၉ က ဝိုင်ကျိုင်ဘွမ် အခြေစိုက် ကချင်လွတ်လပ်ရေး တပ်မတော် KIA အရာရှိ သင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက် ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ ကြံစည်ဆာင်ရွက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်လိမ့်မယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ထုတ်ပြန်ရှင်းလင်းချက်နဲ့ တိုက်ဆိုင်နေတဲ့အတွက် စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းကြံစည်မှုတစ်ရပ်အဖြစ် ယူဆနိုင်ကြောင်း UNFC အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ UNFC အထွေထွေအတွင်းရေးမှူး ဦးခူဦးရယ်က အခုလို ရှင်းပြပါတယ်။

"လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းကလည်း ပြောခဲ့တာတွေရှိတယ်လေ၊ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကျမှ ပြင်ဆင်ဖို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုပြီးတော့ သဘောထားမျိုးတွေ ပြောတာရှိတယ်ဆိုတော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကျမှ ဖြစ်မယ်ဆိုတဲ့အခါကျတော့ ဒါ ၂ဝ၁၅ ရွေးကောက်ပွဲက သမာသမတ်ကျပြီးတော့ လွတ်လပ်ပွင်းလင်းမယ့် ရွေးကောက်ပွဲဖြစ်ဖို့တော့ ကျနော်တို့ မျှော်မှန်းလို့မရတော့ဘူးပေါ့ဗျာ၊ ဒါကလည်း နိုင်ငံရေးအရ အကြံအစည်ရှိတယ်လို့ ကျနော်တို့ သုံးသပ်တာပေါ့၊ ဒါနဲ့မရှေးမနှောင်းမှာပဲ အခုလိုမျိုး စစ်ဘက်ကလည်းပဲ စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ မမျှော်လင့်တဲ့အချိန်မှာ လုပ်တယ်ဆိုတော့ ဒါက စစ်ရေးအရ၊ နိုင်ငံရေးအရများ ချိန်ကိုက်ပြီးတော့ အကြံအစည်ရှိရှိလုပ်နေသလားဆိုတဲ့ ယူဆချက်တွေ ကျနော်တို့ကို ဖြစ်ပေါ်စေပါတယ်"

မြန်မာ့တပ်မတော်က စစ်ရေးအရ KIA အရာရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာ့တပ်မတော်က စစ်ရေးအရ အလစ်အငိုက် ဖိအားပေးတိုက်ခိုက်တာဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ယုံကြည်မှုတည်ဆောက်နေတာကို ကြီးမားတဲ့အဟန့်အတားဖြစ်စေကြောင်းလည်း UNFC အဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အလားတူပဲ ABSDF ကျောင်းသားတပ်မတော်ကလည်း ဒီပစ်ခတ်မှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကြီးကျယ်ထိခိုက်စေတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာစေဖို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေယူပေးဖို့ ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၃ ဦးထဲမှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်က နှစ်ဦးပါဝင်ကြောင်း သိရပါတယ်။

ဒီအတောအတွင်း ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပါအ၀င် လတ်တလော အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်တွေကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်မဖော်နိုင်သေးတဲ့ အတွက်ကြောင့်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားလိုက်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ