Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ကိုဝေဠု လွတ်ပြီ

19 November 2014 16:46(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက် ဆန္ဒပြမှုအပြင်၊ မိုးထိမိုးမိ ရွှေလုပ်သားတွေရဲ့ ဆန္ဒပြတာကို ကူညီတဲ့ အတွက်ထောင် ၃ လချမှတ်ခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠု ဟာလွတ်ရက်စေ့ပြီး မနေ့မနက်က အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့ပါတယ်။

ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား အယောက် ၄၀ လောက်ရှိနေသလို၊ ရာဇဝတ် အကျဉ်းသားတွေ ထဲမှာလဲ HIV ဝေဒနာ ဖြစ်နေသူတွေ အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ကိုဝေဠုက RFA ကိုပြောပါတယ်။

" ၄၀ ဆယ်နီးပါးလောက်ရှိမယ် ဒါပေမယ့် ပုဒ်မတွေမတူဘူး အဖြစ်အပျက်တွေမတူဘူး တစ်ချို့က ဗုံးဖေါက်ခွဲမှုအတွက် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ ဟာမျိုးတွေလဲရှိတယ်၊ မိုးထိမိုးမိရွှေလုပ်သားတွေလဲရှိမယ်၊ MDCF အဖွဲ့ဝင်တွေ ဦးဇော်ဝင်းတို့၊ ကိုတင်မောင်ကြည်တို့၊ ကိုနောင်နောင်တို့၊ ကိုထင်ကျော်တို့ရှိမယ်၊ နောက် Bi မွန်းတည့်နေတို့ အဖွဲ့သား မီဒီယာအဖွဲ့သားတွေရှိမယ်၊ နောက် လှိုင်သာယာက ရန်ကုန်ကိုလမ်းလျှောက်လို့ဆိုတဲ့ အခြေအနေနဲ့ ကျလာတဲ့ ကိုရဲထွဋ်ခေါင် တို့ရှိပါမယ်။ အဓိက ထောင်ထဲမှာတွေ့ခဲ့ရတဲ့ အရေးတစ်ကြီးတင်ပြချင်တဲ့ အပိုင်းတွေက HIV ရောဂါသည်တွေ တော်တော်လေးများနေတယ်၊ ကုသလို့မရတဲ့ အခြေအနေတစ်ခုနဲ့ ဆေးသောက်ပြီး သေမယ့်နေ့ကို စောင့်နေရတဲ့ အခြေအနေမျိုးတွေ မြင်ခဲ့ရပါတယ်။"

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့  ရာဇဝင်လူဆိုးတွေလို့ ဆိုရမယ့်သူတွေကြားမှာပဋိပက္ခဖြစ်လာမှာကို စိုးရိမ်ရတဲ့အခြေအနေမှာတွေ့ ခဲ့ရတယ်လို့ ကိုဝေဠုကပြောပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ