Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံလောင်ကျမှုကြောင့် လူ(၁၄)ဦးဒဏ်ရာရရှိပြီး (၅)ဦး စိုးရိမ်ရ

တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိသော တန်ဆောင်တိုင်ပွဲတော်၏ အောက်တိုဘာလ (၃၁)ရက်နေ့ ညအကုန် နိုဝင်ဘာလ(၁)ရက်နေ့သို့ အကူးတွင် လွှတ်တင်ခဲ့သော "ခွန်တန်မီး"ကြောင့် အခန့်မသင့်ဘဲ မတော်တဆ လောင်ကျ ပျက်စီးမှုကြောင့် ပွဲသို့ လာရောက်လည်ပတ် ကြည့်ရှုသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၅)ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခွန်တန် ညမီးကြီးမီးပုံးပျံအား လွှတ်တင်စဉ် ပေ(၂၀၀)ခန့် အရောက်၌ မီးပုံးပျံမှာ ကွင်းအတွင်းသို့ ပျက်ကျမီးလောင်သွားရာမှ လာရောက်ကြည့်ရှုသူများအနက် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၄)ဦးရှိရာ ရွှေညောင်အပါအ၀င် တောင်ကြီးဒေသခံ (၁၂)ဦး နှင့် ရန်ကုန်ဇာတိ(၂)ဦး ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများအနက် (၅)ဦး စိုးရိမ်ရကြောင်း သိရသည်။

တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကိုကို ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် (၃၇)ဦးတို့မှ သွားရောက်၍ မီးငြှိမ်းသတ်ယာဉ် (၃)စီးဖြင့် မီးငြှိမ်းသတ်ရပြီး ဒဏ်ရာရရှိသူများ အနေဖြင့် ဦးခွန်လှစိန်(တောင်ကြီး)၊(စိုးရိမ်ရ)၊ မခင်မြတ်သူ(တောင်ကြီး)(စိုးရိမ်ရ)၊ မောင်အောင်ကိုလတ်(တောင်ကြီး)(စိုးရိမ်ရ)၊ ဒေါ်ထူးထူးနွယ်(တောင်ကြီး)(စိုးရိမ်ရ)၊ ရွှေလီ(တောင်ကြီး)စိုးရိမ်ရ၊ မောင်ကျော်ခန့်ကိုကို (ရွှေညောင်)(မစိုးရိမ်ရ)၊ မောင်အိုက်ထွန်း(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်သိန်းဦး(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်ဗွေစ(တောင်ကြီး)(မစိုးရိမ်ရ)၊ မောင်ခွန်သီဟန်(တောင်ကြီး)(မစိုးရိမ်ရ)၊ ဒေါ်နွယ်နွယ်အေး (တောင်ကြီး)(မစိုးရိမ်ရ)၊ ဒေါ်လဲ့လဲ့ဝင်း (ရန်ကုန်)(မစိုးရိမ်ရ)၊ မောင်ကျော်စိုးဦး (ရန်ကုန်)(မစိုးရိမ်ရ)၊ နှင့် မောင်အောင်ပြည့်စုံအောင် (တောင်ကြီး)(မစိုးရိမ်ရ)တို့ ဖြစ်ကြောင်း တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ ထို့အတူ မတော်တဆ မီးပုံးပျံမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူများတွင် အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၅)ဦးပါဝင်ကြောင်း သိရသည်။

ယခု ၂၀၁၄ခုနှစ်တွင် ကျင်းပပြုလုပ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (UNESCO)မှ အသိအမှတ်ပြုသည့် နိုင်ငံတကာပွဲတော်အဖြစ် စာရင်းတင်သွင်းနိုင်ရန်အတွက် လျာထားကြောင်းလည်း သိရှိရသည်။

မီးပုံးပျံလောင်ကျမှုကြောင့် လူ(၁၄)ဦးဒဏ်ရာရရှိပြီး(၅)ဦးစိုးရိမ်ရ






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ