Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ကျပ်နှစ်သိန်းနှင့်အထက် ငှားရမ်းမှုများ အခွန်ပေးဆောင်ရလျှင် အိမ်ခြံမြေငှားရမ်းခ ဈေးတက်လာနိုင်

18 November 2014 14:20(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
ရန်ကုန် နိုဝင်ဘာ ၁၅

အိမ်ခြံမြေ အငှားဈေးကွက်၌ ကျပ်နှစ်သိန်း အထက် ငှားရမ်းမှု များကို အခွန် ပေးဆောင်ရမည်ဆို ပါက အငှား ဈေးနှုန်းများ မြင့်တက် လာဖွယ်ရှိကြောင်း မြို့တွင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

မြို့တွင်းရှိ တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်ငှားရမ်းမှုများ၌ ကျပ်နှစ် သိန်းအထက်ငှားရမ်းမှုများ အခွန် ပေးဆောင်ရမည် ဆိုပါက ရပ်ကွက်၊ မြို့နယ်၊ ငှားရမ်းမည့် အမျိုးအစား ပေါ်မူတည်၍ အကြမ်းဖျင်းသတ် မှတ်မှုများရှိသင့်ကြောင်း၊ ထိုသို့ သတ်မှတ်မှုများ မရှိပါက အိမ်ခြံမြေ အငှားဈေးနှုန်းများ မြင့်တက်လာ ဖွယ်ရှိကြောင်း ပြည်ကြီးတံခွန်အိမ် ခြံမြေအကျိုးဆောင် လုပ်ငန်းဒါရိုက် တာတစ်ဦးကပြောသည်။

''ကျပ်နှစ်သိန်းနဲ့အထက် အငှား တွေကို အခွန်ပေးဆောင်ရမယ် ဆိုတာကတော့ အတိအကျမသိရ သေးပါဘူး။ အဲဒါကို အိမ်ရှင်၊ အိမ်ငှားတွေအားလုံးက စောင့်ကြည့် နေကြပါတယ်။ ဒါကြောင့် အခွန် ကောက်မယ်ဆိုရင်တော့ သတ်မှတ် ချက်တစ်ခုထုတ်မှအဆင်ပြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ငှားရမ်းတဲ့ နေရာမှာ အငှားဈေးကို အများစုက တိတိကျကျပြောမှာမဟုတ်ပါဘူး။ အဲဒါကြောင့် အခွန်တွေလျှော့ဆောင် လာနိုင်ပါတယ်။ နောက်တစ်ခုက ဘယ်လိုကောက်မလဲဆိုတာကို မပြောသေးပါဘူး''ဟု အိမ်ခြံမြေ အကျိုးဆောင်ဒါရိုက်တာ ဦးနေဇော် ကပြောသည်။

''နှစ်သိန်းအထက် ငှားရမ်းမှုတွေအခွန်ဆောင်ရမယ် ဆိုတဲ့နေရာမှာ သတ်မှတ်မှုမရှိရင် အိမ်ရှင်အိမ်ငှားတွေက ဈေးလျှော့ပြီး စာချုပ်ချုပ်ပါလိမ့်မယ်''ဟု အိမ်ခြံ မြေအကျိုးဆောင် ဦးတင်လတ်က ပြောသည်။အိမ်ခြံမြေအငှား ဈေးကွက် ၌ ကျပ်နှစ်သိန်းနှင့် အထက်ငှားရမ်း မှုများကိုလက်တွေ့ အခွန်ဆောင် ရမည်ဆိုပါကအိမ်ရှင်များဘက်က အခွန်အခများပေါ်မူတည် ပြီးငှား ရမည့်ဈေးနှုန်းများကိုဈေးမြှင့်သတ် မှတ်လာနိုင်ကြောင်းသိရသည်။ လက်ရှိမြို့တွင်းအိမ်ခြံမြေအငှား ဈေးကွက်၌ တိုက်ခန်းငှားရမ်းမှု တွင် ကျပ်နှစ်သိန်းမှ ငါးသိန်းအထိ အငှားဈေးရှိနေပြီး ကွန်ဒိုငှားရမ်းမှု တွင် ကျပ်ဆယ်သိန်းမှ သိန်း ၂ဝ အထိရှိနေကြောင်းသိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ