ISIS စစ်သွေးကြွ အဖွဲ့က ဖမ်းဆီး ပြန်ပေးဆွဲခံ ခဲ့ရသည့် ဗြိတိန်နိုင်ငံ သားနှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ဂျီဟက်ဂျွန် အမည်ရှိ စစ်သွေးကြွ တစ်ဦးသည် ဗြိတိန်နိုင်ငံ အတွင်း သတ်ဖြတ်မှုများကို လုပ်ဆောင် သွားမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။
ISIS စစ်သွေးကြွ များအနေဖြင့် ဗြိတိန်နိုင်ငံသား များကို ၄င်းတို့၏ နိုင်ငံအတွင်းရှိ လမ်းမများ အထက်တွင် သတ်ဖြတ် သွားမည် ဖြစ်ကြောင်း ဂျီဟက်ဂျွန် က အွန်လိုင်းမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် ဗီဒီယို ပြကွက်ထွက်ပေါ် လာခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း သည် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ကြောင်း Telegraph သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ် ကင်မရွန်း သည် အမေရိကန် သမ္မတ ဘားရက် အိုဘားမား ၏ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ကြောင်း ဂျီဟက်ဂျွန် က ပြောကြား ထားသည်။
ISIS စစ်သွေးကြွ များက အမေရိကန်နိုင်ငံ မှ အကူအညီ ပေးရေး လုပ်သားတစ်ဦး ဖြစ်သူ အဗ္ဗဒူလာ ရာမင်ကာဆစ် ကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ ပြီးနောက် အမေရိကန် အစိုးရက အဆိုပါ လုပ်ရပ်ကို ပြစ်တင် ရှုတ်ချပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
![]() |
| Jihadi John has been identified by the FBI |




































No comments:
Post a Comment