Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ ပြောကြား

17 November 2014 23:13(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ် မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်နေတဲ့ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

"အထူးသဖြင့် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲဖို့လိုပြီပေါ့၊ ဒီမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ လိုပြီဆိုပြီးတော့ NNER အနေနဲ့ တိုက်တွန်းခဲ့တယ်၊ NNER ရဲ့ လှုပ်ရှားမှုတစ်ခုလုံးမှာ ၈၈ အနေနဲ့ ပါဝင်ခဲ့တယ်၊ အဲ့ဒီကနေတဆင့်ဖြစ်ပေါ်လာတဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဒါကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်၊ ကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုဖြစ်တဲ့အတွက် သူတို့ရဲ့လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ သွားအားပေးတာရှိမယ်၊ တတ်နိုင်သမျှ ကျနော်တို့ကူညီတာရှိမယ်၊ ကျောင်းသားလှုပ်ရှားမှု သန့်သန့်ပေါ့နော်၊ အဲဒီ့သန့်သန့်အနေနဲ့ အားပေးသွားမှာဖြစ်တယ်"

မနေ့က ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးတွေ၊ တက္ကသိုလ်ပါမောက္ခတွေ တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကနေ့ ပညာရေးဥပဒေ သပိတ်မှောက်ဆန္ဒပြပွဲကို စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ကြသလို မနေ့ကလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးရှေ့မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဋ္ဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ