Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

ကုလဝန်ထမ်းနောက်တဦး အီဘိုလာ ကူးစက်ခံရ

3 November 2014 09:29(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
ဆီယာလီယွန်းနိုင်ငံမှာ တာဝန်ထမ်း ဆောင်နေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတဦးဟာ အီဘိုလာရောဂါ ကူးစက်ခံရတာမို့ သူ့ကို ဆေးကုသဖို့ ပြင်သစ်နိုင်ငံကို လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။

သူ့ကို ပြင်သစ်နိုင်ငံ Paris မြို့ပြင်က စစ်ဆေးရုံကို အထူးကိရိယာတွေ တပ်ဆင်ထားတဲ့ ဂျက်လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီး အထူးသီးသန့် ခွဲထားတဲ့ နေရာမှာ ကုသပေးနေတယ်လို့ နယူးယောက်မှာရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ ကုလသမဂ္ဂအဖွဲ့ ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လူနာရဲ့ အမည်နဲ့ ဘယ်နိုင်ငံသား ဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။

သူဟာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဝန်ထမ်းတွေထဲက အီဘိုလာ ရောဂါကူးစက်ခံရလို့ ပြင်သစ်ကို ပို့ဆောင်ကုသတဲ့ ဒုတိယမြောက် ကျန်းမာရေးလုပ်သားတယောက်လည်း ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ မနှစ်က နှစ်ကုန်လောက်မှာ ဂီနီ နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ဆီယာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတွေကို တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလထဲမှာ ပြင်သစ်သူနာပြုဆရာမတဦး ဆေးကုသမှုခံယူခဲ့ပြီးတဲ့နောက်မှာ ရောဂါ လုံးဝ ပျောက်ကင်းခဲ့ပါတယ်။ အနောက်အာဖရိကမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ အခုဆိုရင်  ၅ ထောင်နီးပါး ရှိနေပြီဖြစ်ပါတယ်။



Sierra Leone နိုင်ငံ၊ အီဘိုလာလူနာများကို စောင့်ရှောက်ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦး


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ