ပါမောက္ခ Michael Edye နဲ့ ဒေါက်တာ Michael Talbot တို့က အဝလွန်နေသူတွေကို ခွဲစိတ်ပေးလိုက်တာက ရေရှည်မှာ အစိုးရအတွက် ပိုအကုန်အကျ သက်သာစေတယ်လို့ ဂျာနယ်တစ်ခုမှာ ရေးသား ဖော်ပြထားပါတယ်။
အဝလွန်သူတွေဟာ အဝလွန်ရောဂါသာမက ဝခြင်းနဲ့ ဆက်စပ်တဲ့ တခြားရောဂါတွေပါ ခံစားရလေ့ရှိတဲ့အတွက် ရေရှည်မှာ အစိုးရအတွက် အကုန်အကျ များတယ်လို့ ထောက်ပြပါတယ်။
ဒါကြောင့် အဝလွန်သူတွေကို ပိန်သွားအောင် ခွဲစိတ်လိုက်မယ်ဆိုရင် ခွဲစိတ်စရိတ်သာ ကုန်ပြီး ရေရှည်မှာတော့ အစိုးရအတွက် ကုန်ကျစရိတ် သက်သာစေနိုင်တယ်လို့ ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ ရောဂါမှန်သမျှအတွက် ဆေးဝါးကုသခွင့် မခမဲ့ ပြုလုပ်ထားပေးပေမယ့် အဝလွန်သူတွေ ခွဲစိတ်ကုသမှု ခံယူတာတွေနဲ့ သွားပြုပြင်ရေးတွေကိုတော့ အလှအပအတွက်လို့ မြင်တဲ့အတွက် သွားနဲ့ အဝလွန်ခွဲစိတ်မှုတွေကိုတော့ အခမဲ့ လုပ်ဆောင်ပေးခြင်း မရှိပါဘူး။

No comments:
Post a Comment