ကိုဘာနီမြို့အား ဝိုင်းရံထားသော အိုင်အက်စ်တပ်ဖွဲ့များထံမှ အဆောက် အအုံ ခြောက်လုံးနှင့် လက်နက်ခဲယမ်း များကို ကာ့ဒ်တိုက်ခိုက် ရေးသမား များက အင်္ဂါနေ့တွင် သိမ်းယူ လိုက်ကြောင်း စစ်ပွဲလေ့လာရေး အဖွဲ့တစ်ဖွဲ့က ပြောကြား လိုက်သည်။
အိုင်အက်စ်တပ်ဖွဲ့များက ကိုဘာနီ မြို့ကို ထိန်းချုပ်ရန် တစ်လခန့် ကြိုးပမ်းခဲ့ပြီး ၄င်းဖြစ်ရပ်ကြောင့် ကာ့ဒ်အရပ်သား ထောင်ပေါင်းများ စွာ တူရကီနယ်စပ်သို့ ထွက်ပြေးခဲ့ရ သည်။
အီရတ်နိုင်ငံ၏ ဒေသအတော် များများအား ဆွန်နီမွတ်စလင် အယ်လ်ခိုင်ဒါအုပ်စုက သိမ်းပိုက် ထားပြီး အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရန် ကြိုးစားနေကြ သည်။
ကာ့ဒ်တိုက်ခိုက်ရေးသမားများ သည် အိုင်အက်စ်တပ်ဖွဲ့ထံမှ အဆောက်အအုံခြောက်လုံးနှင့်အတူ လောင်ချာများ၊ စက်သေနတ်များ သိမ်းယူရရှိကြောင်း ဗြိတိန်အခြေ စိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုများအတွင်း အိုင်အက်စ် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၄င်းတို့ အနက် ခေါင်းဆောင်နှစ်ဦး ပါဝင် ကြောင်း ပြောကြားသည်။
ကာ့ဒ်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့ သော ရက်သတ္တပတ်က အိုင်အက်စ် အဖွဲ့၏ ထောက်ပံ့ရေးလမ်းကြောင်း အား ပိတ်ဆို့နိုင်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က မိမိတို့သည် အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း တို့တွင် အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့ကြောင်း အဲရစ်နဆင်အမည်ရှိ ကိုဘာနီမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။




































No comments:
Post a Comment