Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူတွေ အာရုံထားဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

17 November 2014 21:53(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တာကြောင့် ပြည်သူတွေက စိတ်ဝင်စားကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့လာတဲ့ နေပြည်တော် ကောင်စီနယ်မြေ ပုပ္ပသီရိမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဖွဲ့စည်ပုံ အခြေခံ ဥပဒေဆိုတာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်၊ ဒီလွှတ်တော်ထဲလည်း သက်ဆိုင်တယ်၊ အမျိုးသမီးတွေကလည်း စိတ်ဝင်စားရမယ်နော်၊ မီးဖိုထဲအထိရောက်လာတာ ဖွဲစည်းပုံအခြေခံဥပဒေဆိုတာ အဲ့ဒီတော့ အမျိုးသမီးတွေဆိုတာ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့ စိတ်ဓါတ်မထားပါနဲ့ တက်နိုင်သမျှနိုင်ငံရေးကို လိုက်စားကြပါ၊ ပြည်သူလူထုတွေက နိုင်ငံရေး တက်ကြွမှုရှိမှ တကယ်တော့ ဒီနိုင်ငံမှာ တကယ့်ဒီမိုကရေစီဟာ ပြည်သူ့အုပ်ချုပ်ရေးပေါ့၊ ပြည်သူ့အုပ်ချုပ်ရေးဆိုတာ ပြည်သူကအရည်အချင်းရှိမှ ပီပီပြင်ပြင်လုပ်နိုင်မှာပေါ့၊ ဒါကြောင့်မို့လို့ ကိုယ်အရည်အချင်းတွေကို ကိုယ်မြှင့်တင်ဖို့လိုတယ်"

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၃၀ကျော်က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေးရာမှာ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) စတဲ့ပုဒ်မတွေကို မပြင်ဆင်ဖို့ ဆွေးနွေးကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ