Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

မာဖီးယားဂိုဏ်းများ၏ မဟာမိတ်သစ္စာဆိုပွဲ လျှို့ဝှက်ရုပ်သံဖိုင် အီတလီရဲ ဖြန့်ချိ

20 November 2014 12:25(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
အီတလီရဲတွေဟာ လျှို့ဝှက် လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့ မာဖီးယား ရာဇဝတ်ဂိုဏ်းတွေရဲ့ မဟာမိတ်သစ္စာဆိုပွဲ ရုပ်သံဖိုင်ကို ပထမဆုံး အကြိမ်အဖြစ် ဖြန့်ချိ လိုက်ပါ တယ်။

အီတလီမြောက်ပိုင်း ဘရိုင်ယန်ဇာမြို့နားမှာ ရိုက်ကူးထားတာ ဖြစ်ပြီး ဒရန်ဂေတာ ရာဇဝတ်ဂိုဏ်းနဲ့  တခြားဂိုဏ်းအတော်များများက အဖွဲ့ဝင်တွေ ပါတယ်လို့ ယုံကြည်ရပါတယ်။ အဖွဲ့ဝင်တွေကြား မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ဖွဲ့စည်းရေး သစ္စာဆိုနေတာဖြစ်ပြီး ဒီရုပ်သံက ၁၇ နှစ်ရှိပြီလို့ ရဲက ပြောပါတယ်။

ဂိုဏ်းခေါင်းဆောင်လို့ သံသယရှိသူက ကျမ်းကျိန်ပွဲကို ခေါင်းဆောင်ရင်း ဆွေမျိုး ၇ ဆက်အတွက် အရာရာကို စွန့်လွှတ်တယ်လို့ ကျိန်ဆိုတယ်။ ရာဇဝတ်ဂိုဏ်းဟာ မြင့်မြတ်တဲ့ အဖွဲ့အစည်းအဖြစ် သိပါစေလို့ ပြောခဲ့ပါတယ်။

လရောင်နဲ့ ကြယ်အလင်းရောင်အောက်မှာ မြင့်မြတ်တဲ့ကွင်းဆက်ကို ဖွဲ့စည်းတယ်လို့ လည်း ဆိုပါတယ်။

ဂိုဏ်းရဲ့ကျင့်ဝတ်စည်းမျဉ်းကို သွေဖည်ရင် အဖွဲ့သားတွေ ကိုယ့်ကိုယ်ကိုယ် သတ်ရမယ်လို့ အဖွဲ့သားသစ်တွေကို အသိပေးတယ်လို့လည်း ဆိုပါတယ်။

အီတလီနိုင်ငံရဲ့ ကာလာဘရီယာဒေသတောင်ပိုင်းဟာ ဒရန်ဂေတာဂိုဏ်းရဲ့ ဇာတိမြေပါ။ ဒီဂိုဏ်းဟာ ကမ္ဘာတလွှား ကွန်ရက် ဖြန့်ကြက်ထားတဲ့ ကမ္ဘာ့အန္တရာယ် အကြီးဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တခု ဖြစ်ပါတယ်။ ဒီရုပ်သံရဲ့ အကျိုးဆက်အနေနဲ့ လူ ၃၈ ယောက် အဖမ်းခံခဲ့ရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ