Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

မြောက်ဦးတွင် ရဲနှစ်ဦးအပါအဝင် လူ ၃ ဦးကို ဓားနှင့်ထိုးသူ ထွက်ပြေးလွှတ်မြောက်နေ

20 November 2014 12:19(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့တွင် ရဲနှစ်ဦး အပါအဝင် လူ ၃ ဦးကို ဓားနှင့်ထိုးခဲ့သည့် မူးယစ် ရမ်းကားသူ တစ်ဦးအား ဖမ်းမမိသေးဘဲ ယခုတိုင် ထွက်ပြေး လွတ်မြောက် နေကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောသည်။

“သူ့ကို အမြန်ဆုံး ဖမ်းဆီး ရမိဖို့အတွက် ကျွန်တော်တို့ ကင်းပုန်းတွေဝပ်ပြီး ပိုက်စိပ်တိုက်ရှာဖွေနေပါ တယ်”ဟု ရဲမှူးမြင့်သောင်းက  နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

လွတ်မြောက်နေသူမှာ မြောက်ဦးမြို့၊ ရွှေတောင်ရပ်ကွက်မှ ဦးအောင်ကျော်စိန်(၄ဝ နှစ်ဝန်းကျင်)ဖြစ်ပြီး သူသည် နိုဝင်ဘာလ ၁၈ ရက်နေ့  ညနေ ၃ နာရီခန့်က မြောက်ဦးမြို့ ကံလှရပ်ကွက်ရှိ မင်းဘာကြီးလမ်းပေါ်တွင် လမ်းသွားလမ်းလာ တစ်ဦး၊ ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် နယ်ထိန်းရဲတစ်ဦးတို့ကို အသင့်ပါလာသောဓားဖြင့် ထိုးခဲ့သည်ဟု ရဲမှူးမြင့်သောင်းက ဆိုသည်။

မြောက်ဦးမြို့ ရွှေတောင် ရပ်ကွက်နေ ဒေသခံတစ်ဦးကလည်း အခင်းဖြစ်ပွားပုံကို ယခုလို ပြောသည်။

“ အဲဒီနေ့ညနေပိုင်းက သူ အရက်တွေသောက်ထားပြီးတော့ လမ်းပေါ်မှာ ကိုးရိုးကားရားသွားနေတယ်။ ဆိုင်ကယ်စီးလာတဲ့ လင်မယားနှစ်ယောက်က သူ့ကြောင့် ဆိုင်ကယ်သွားမရတော့ လမ်းဖယ်ပေးဖို့ပြောတယ်။ ဒါကို မကျေနပ်လို့ သူ့မှာ ပါလာတဲ့ ဓားနဲ့ ဆိုင်ကယ်ပေါ်က အမျိုးသားကို တစ်ချက်ထိုးတယ်။ ဒီနောက် ရဲတွေ ရောက်လာပြီး ရဲနှစ်ယောက်ကိုလည်း ထပ်ထိုးပြီးတော့ သူထွက်ပြေးသွားတယ်” ဟု ဆိုသည်။

ဓားထိုးခံရသည့် ဆိုင်ကယ်စီးလာသောအမျိုးသားတွင် ရင်ဘတ်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ရဲတပ် ကြပ်ကြီးတွင် လည်ပင်းနှင့်နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီနှင့် နယ်ထိန်းရဲတွင် ဘယ်ဘက်နို့အုံ တို့တွင် ထိုးသွင်း ဒဏ်ရာတစ်ချက်စီ အသီးသီးရရှိခဲ့ကြောင်း မြောက်ဦး ဆေးရုံ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

ယခုအခါ မြောက်ဦးမြို့ရှိ အထွေထွေရောဂါကုဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသခံနေကြရသည်ဟု သိရသည်။

“မနေ့ညကလည်း သူ့ကို ရဲတွေကင်းပုန်းဝပ်ပြီး စောင့်နေကြရတယ်။ မြို့ပေါ်မှာလည်း တော်တော် လေးလှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြတယ်”ဟု ယမန်နေ့ညက မြို့၏အခြေအနေကို ဒေသခံတစ်ဦးက ပြောပြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ