Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ဟောင်ကောင်ဆန္ဒပြသူများ ဥပဒေပြုလွှတ်တော်တွင်း တံခါးချိုးဖောက်ဝင်ရောက်

19 November 2014 16:38(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတစုဟာ နိုဝင်ဘာ ၁၉ ရက် ဒီနေ့မနက် အစောပိုင်းက ဥပဒေပြုလွှတ်တော်တွင်းကို ဘေးတံခါးကနေ ချိုးဖောက် ၀င်ရောက်ခဲ့ကြလို့ ရဲတွေက ငရုတ်ကောင်းရည်တွေနဲ့ ပက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့မြို့တွင်း အခြေအနေတွေ တည်ငြိမ်ပြီးမှ တင်းမာမှုတွေ ပြန်မြင့်လာခဲ့တာပါ။

တရားဥပဒေ အာဏာတည်စေရေး အဖွဲ့ဝင် အယောက် ၃၀ လောက် ရောက်လာပြီး ဒီမိုကရေစီလိုလားသူတွေ ၂ လနီးပါး သိမ်းပိုက်ထားတဲ့ မြို့လယ်က သပိတ်စခန်း အစိတ်အပိုင်းကို နိုဝင်ဘာ ၁၈ ရက်နေ့က လာရှင်းခဲ့အပြီး နာရီပိုင်းအတွင်း တင်းမာမှုတွေ ဆိုးလာခဲ့တာပါ။ အဓိက သပိတ်စခန်းအများစုကိုတော့ မတို့မထိဘဲ ထားခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မနက်မှာ ၂၀၁၇ ခုနှစ် မြို့တော်ခေါင်းဆောင်အတွက် လွတ်လပ်တဲ့ ရွေးကောက်ပွဲကို တောင်းဆိုတဲ့ ဆန္ဒပြသူတွေနဲ့ ရင်ဆိုင်ရနေတဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ဝတ်စုံပြည့်နဲ့ လွှတ်တော်အပြင်ဘက်မှာ ဆက်ပြီး စောင့်ကြပ်နေဆဲပါ။

ဒါဟာ ဟောင်ကောင်ဆန္ဒပြပွဲတလျှောက် အဓိက အစိုးရအဆောက်အဦကို ပထမဆုံး ချိုးဖောက်ဝင်ရောက်မှု ပါ။ နိုင်ငံရေးအကဲခတ်တွေကတော့ ဟောင်ကောင်တော်လှန်ရေးဟာ အချိန်နဲ့ အမျှ မှေးမှိန်ကျဆင်းသွားမယ်လို့ ထင်ခဲ့ကြပါတယ်။

ဆန္ဒပြသူအများအပြားကတော့ ချိုးဖောက်ဝင်ရောက်သူတွေနဲ့ မပူးပေါင်းခဲ့ဘဲ ငြိမ်းချမ်းရေးရဲ့အရေးကြီးမှုကို အမြဲ အာရုံစိုက် ထားကြပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ ည ဆန္ဒပြပွဲမှာတော့ လွှတ်တော်ထဲ ဝင်ရောက်မှုဟာ အကြမ်းဖက်တဲ့လုပ်ရပ် မဟုတ်ဘူးလို့လဲ ငြင်းခုံခဲ့ပါတယ်။

ဘယ်သူကိုမှ မထိခိုက် သွေးမထွက်စေခဲ့ဘူး။ ကျနော်တို့ကိုသာ ရဲတွေက ထိခိုက်နာကျင် အောင် သွေးထွက်အောင် လုပ်ခဲ့တာလို့ ဆန္ဒပြသူ လူငယ်တယောက်က ပြောပါတယ်။

ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်က ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ တရုတ်လက်အောက် ကို တနိုင်ငံ စနစ် ၂ မျိုး ကတိနဲ့ ပြန်ရောက်ခဲ့တာဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ စာရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်ခွင့် ပိုရှိပါတယ်။

ဆန္ဒပြသူတွေက ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေကို ပွင့်ပွင့်လင်းလင်း လျာထားဖို့ တောင်းဆိုပေမယ့် တရုတ်ဗဟို အစိုးရကတော့ ကြိုတင်ရွေးချယ်စိစစ်ထားတဲ့ ကိုယ်စားလှယ်တွေကိုသာ ရွေးကောက် ခွင့်ပြုမယ်လို့ ဆိုပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ