Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

ကလေးအခွင့်အရေးလေးစားရန် သမ္မတထံ အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

20 November 2014 12:00(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေး စာချုပ်ပါ ကတိက၀တ်များကို လေးစား လိုက်နာရန် ပြည်တွင်း အခြေစိုက် မြန်မာ အရပ်ဘက်အဖွဲ့အစည်း ၂၃၀ က သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

နိုဝင်ဘာလ ၂၀ ၇က်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ကလေး အခွင့်အရေး စာချုပ် (CRC) ၂၅ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ကလေးအခွင့်အရေးများ ဆိုင်ရာစာချုပ်ပါ ကတိများကို လေးစားဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို လိုက်တာပါ။

ကလေးတွေရဲ့ အသက်ရှင်ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ညီမျှခြင်းမြန်မာ အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်း က အခုလို ပြောပါတယ်။

“ပထမဦးဆုံး ကလေးတွေရဲ့ အသက်ရှင်ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အခုချိန်အထိ မွေးကင်းစကလေးတွေရဲ့ ဖွားသေမှုနှုန်း၊ နောက် ကလေးတွေရဲ့ အာဟာရ ဖွံ့ဖြိုးမှုနှုန်းကို ကြည့်မယ်ဆိုရင် ကမ္ဘာကို မပြောပါနဲ့ အာဆီယံမှာတောင် နိမ့်ကျနေတဲ့ အချက်တွေ ရှိတယ်။ နောက်ကလေးတွေနဲ့ ကာကွယ်မှုနဲ့ ပတ်သက်ပြီး ကလေးစစ်သား၊ ကလေးကူးသန်းရောင်းဝယ်ခံရမှုတွေက ဆက်ရှိနေတုန်းပဲ။ ကလေးအလုပ်သမား ကိစ္စတွေ တိုင်းပြည်မှာ ရှိနေတုန်းပဲ။ နောက်တခါ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းဒုက္ခသည်အဖြစ် ပုန်းရှောင်နေရတဲ့ ကလေးတွေကိုယ်တိုင်က ကာကွယ်မှုပိုင်းမှာ အားနည်းနေတာတွေ ရှိနေတဲ့ အတွက် ဒါတွေကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် သတိပေးလိုတဲ့ အတွက် အခုလိုမျိုး အိတ်ဖွင့်ပေးစာ ပေးရတာဖြစ်ပါတယ်။”

ကလေးအလုပ်သမားနဲ့ ပတ်သက်ပြီး အနိမ့်ဆုံးကလေးလုပ်သား စေခိုင်းခံရမယ့် အသက် ကန့်သတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရေးကိုလည်း တောင်းဆိုထားပြီး နိုင်ငံတော်မှာ တာဝန်အရှိဆုံးဖြစ်တဲ့ သမ္မတကြီးအနေနဲ့ ကလေးသူငယ်အရေးကိစ္စတွေကို အမြဲတမ်း ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးအကျိုးဖြစ်ဖို့အတွက် ၀ိုင်းဝန်းလုပ်ဆောင်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ ကလေးအခွင့်အရေးစာချုပ် (CRC)ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုတဲ့အဖွဲ့တွေထဲမှာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ အိခ်ျအိုင်ဗွီအရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး စတဲ့ တက်ကြွလှုပ်ရှားသူ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော် ပါဝင်တာဖြစ်ပါတယ်။


ကချင်ဒုက္ခသည် စခန်းတခုမှ စစ်ဘေးရှောင် ကလေးဒုက္ခသည်များ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ