Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

ဖမ်းဆီးခံ မြန်မာ ၂ ဦးကို ရမန်ထပ်ယူချုပ်နှောင်ထားမှု ကန့်ကွက်မည်

20 November 2014 12:06(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီး ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးရဲ့ ပဉ္စမမြောက် ရမန်ကို ကန့်ကွက်သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီကနေ့ မနက် ဒီဗွီဘီက ဆက်သွယ် မေးမြန်းတဲ့ အချိန်မှာတော့ ဖမ်းဆီးခံ ထားရတဲ့ လူငယ် ၂ ဦးဟာ အကျဉ်းဦးစီး ဌာနကားနဲ့ ပါလာပြီး  တရားရုံးအချုပ်ကို ရောက်ရှိလာပြီလို့ ပြောပါတယ်။

“စွပ်စွဲသူတွေအနေနဲ့ လုပ်မယ့်အလုပ်ကတော့ ပဉ္စမမြောက်ရမန်ယူမယ်၊ ဒါမှမဟုတ်ရင် တရားရုံးတင်ရင် တင်မယ်ဆိုတဲ့ ၂ ချက်ရှိပါတယ်။ ကလေးတွေရဲ့ ပဉ္စမမြောက် ရမန်ယူတာကို ကန့်ကွက်ဖို့ပါ။ ပဉ္စမမြောက်ရမန်ကို ကန့်ကွက်လို့ မရဘူးဆိုရင် ကလေးတွေကို အပြင်ကနေ အမှုစစ်ဆေးခံခွင့် လျှောက်ထားဖို့ ကျနော်တို့ လုပ်ထားပါတယ်။ တရားရုံးတင်သည်ဖြစ်စေ၊ ရမန်ယူသည်ဖြစ်စေ ကျနော်တို့က ၄၈ ရက်ဖြစ်တဲ့ စတုတ္ထ ရမန် ပြီးမြောက် ပြီးတဲ့အတွက်ကြောင့် ဒီလို အချုပ်နှောင်ခံရတဲ့ ကလေးတွေဟာ နောက်ဆုံး အမှု မပြီးသေးရင်လည်း အပြင်ကနေပြီးတော့ ဖြေရှင်းခွင့်ရဖို့အတွက် စာရွက်စာတမ်းလုပ်ထားပါတယ်” လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

မနေ့က တွေ့ဆုံစဉ်မှာတော့ ကလေး ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်သလို အမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိလို့   မြန်မာသံရုံးဦးစီးတဲ့အဖွဲ့က ပြန်လွတ်လာအောင် ကူညီပေးဖို့ အထပ်ထပ်ခါခါပြောဆိုခဲ့တယ်လို့  ရှေ့နေကပြောပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူတွေကို ၁၂ ရက် ၁ ကြိမ် ရမန်ယူကာ စုစုပေါင်း ရမန် ၇ ကြိမ်ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် သံသယရှိသူကို ၈၄ ရက် ဖမ်းဆီးထိန်းသိမ်းထားနိုင်သလို လက်ရှိမှာတော့  မြန်မာ လူငယ် ၂ ဦး ကို ချုပ်နှောင်ထားတာ  ၄၈ ရက် မြောက် ရှိပြီဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ