Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 13, 2014

မြန်မာပြည်နှေးကွေးမှု အိုဘားမား ဝေဖန်

13 November 2014 12:27(+0630)
အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ရောက်ရှိပြီးမကြာခင်မှာပဲ နေပြည်တော် MICC ခန်းမမှာ ကျင်းပတဲ့ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေရဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ တချို့နေရာတွေမှာ အရှိန်လျော့ကျနှေးကွေးနေပြီး၊ နောက်ပြန်လျှောကျနေတာတွေ ရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ မေးမြန်းချက်ကို စာနဲ့ရေးသားပြန်ကြားပြောဆိုခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ် တင်းကြပ်ချုပ်ချယ်တာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ခွဲခြားဖိနှိပ်ဆက်ဆံတာ စတာတွေရှိနေကြောင်း၊ အသွင်ကူးပြောင်းရေးလုပ်ငန်းဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မိမိအနေနဲ့ အမြဲရှင်းရှင်းလင်းလင်း သိမြင်ပါကြောင်း၊ ဒါပေမဲ့ သမ္မတတစ်ယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်မှု၊ သာယာဝပြောမှု၊ ဂုဏ်သိက္ခာရှိမှုတွေကို အပတ်တကုတ် ဆက်လက်ကြိုးစားရှာဖွေနေတဲ့ နိုင်ငံတွေအတွက် လက်တွဲဖေါ်အဖြစ် ဆက်လက်ရှိနေမယ်လို့ ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဒီကနေ့ကျင်းပမယ့် (၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ ဒုတိယအကြိမ် မြောက်အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်မှာဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်အမတ်တချို့နဲ့ သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်နေ့မှာ နံနက် ရန်ကုန်မြို့ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ အဲဒီနောက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာပြည်ခရီးစဉ်အပြီးမှာ G 20 ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ဩစတြေးလျနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ