၁၂.၁၁.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန်တွင် လသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လသာမြို့နယ်၊ ကမ်းနားလမ်းနှင့် (၁၈)လမ်းထိပ်၌ မော်တော်ယာဉ်(၁)စီးမီးလောင် နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းနေရာတွင် 7A ---- တိုယိုတာ ဗင် အဖြူရောင်ယာဉ်မှာ ရှေ့ခန်းဒက်ရှ်ဘုတ်နှင့် ကူရှင်(၂)လုံးမှာ မီးလောင်ကျွမ်းထားသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ယာဉ်ပိုင်ရှင်ဖြစ်သူ လမ်းမတော်မြို့နယ်နေ ကိုအောင်ဇော်ဦး၊ (၃၃)နှစ်မှ ယာဉ် အားမောင်းနှင်လာပြီး အဆိုပါနေရာတွင်ရပ်တန့်ထားစဉ် ယာဉ်၏ဒက်ရှ်ဘုတ်အတွင်းရှိ အဲယားကွန်း ၀ါယာကြိုးများရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မော်တော်ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် ကိုအောင်ဇော်ဦးအား လသာမြို့မရဲစခန်း (ပ)၄၀၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။





































No comments:
Post a Comment