Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

နာမည်အသုံးအနှုန်းထက် နှစ်ဘက်သဟဇာတဖြစ်ရေး ပိုအရေးကြီးလို့ ဘန်ကီမွန်း ပြော

13 November 2014 21:19(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း နှစ်ခုစလုံး သဟဇာတရှိရှိ အတူနေ သွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီနေ့နေ့လယ်ပိုင်းက သတင်းမီဒီယာတချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့မှာ သတင်းထောက်တစ်ဦးက မစ္စတာဘန်ကီမွန်းကို ရိုဟင်ဂျာလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ သုံးနှုန်းသွားတဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကန့်ကွက်စာပေးခဲ့တဲ့အပေါ် မေးမြန်းရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီလို့ အများက ခေါ်နိုင်ပါတယ်။ အရေးကြီးတာက ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုစလုံး အတူတကွယှဉ်တွဲနေထိုင်နိုင်မယ့် အခြေအနေကို ဖန်တီးနိုင်ဖို့က အဓိကဖြစ်ပါတယ်။ ကုလသမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နှစ်ဖက်စလုံးရဲ့ လူနေမှုဘ၀တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီပေးခွင့်ရအောင် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့စာကို လက်ခံရရှိပါတယ်။ ဒီအပေါ်မှာ ဆက်လက်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ နှစ်ဖက်လူ့အဖွဲ့အစည်းမှာ အကြောက်တရားတွေ ကင်းဝေးပြီးနေနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အဲဒီ့အတွက် သတင်းမီဒီယာတွေကလည်း တာဝန်ယူရမှာဖြစ်ပြီး သတင်းမီဒီယာအခန်းကဏ္ဍကလည်း အရေးကြီးပါတယ်လို့” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောသွားတာပါ။

မစ္စတာဘန်ကီမွန်းဟာ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စအပြင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဖြစ်လာဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ