Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးရေး ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု

18 November 2014 22:16(+0630) (လွန်ခဲ့သော 20 နာရီ ခန့်က)
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအရေအတွက်ဟာ ၄ ရာခိုင်နှုန်းခန့်သာရှိတာကြောင့် အဲဒီ့ဒေသမှာ ရခိုင်တိုင်းရင်းသားတွေ ပျောက်ကွယ်မသွားဖို့ရည်ရွယ်ပြီး အစိုးရကို တိုက်တွန်းတာလို့ အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ရဲ့ ပထဝီအအနေအထားနဲ့ လုံခြုံရေးအရ ကာကွယ်လို့လဲ ရနိုင်မယ့်အနေအထား မရှိဘူးပေါ့နော်၊ ဒီနေ့ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေတွေမှာ ရခိုင်လူမျိုးတွေထက် ရာနှုန်းအများကြီး နေထိုင်ကြတယ်၊ ဒီအတိုင်းသာဆိုရင် မကြာမီ ရခိုင်လူမျိုးပျောက်ပြီးတော့ ဒီနယ်မြေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားမှာပေါ့နော်၊ ဒါကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရခိုင်ပြည်နယ်အစိုးရကို အဆိုတင်ရခြင်းဖြစ်တယ်"

ရခိုင်ပြည်နယ်မှာ ကိုလိုနီနယ်ချဲ့တွေ အုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ခေတ်အဆက်ဆက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေက နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးနေထိုင်ခဲ့ကြရတယ်လို့လည်း ဦးတက်ထွန်းအောင်က ပြောခဲ့ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်တဲ့သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ရဲ့ ရခိုင်ပြည်အနှံ့မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို စုဆောင်းပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်တည်ဆောက်ပေးဖို့ ဆိုတဲ့အဆိုဟာ အမှန်တကယ်မှာ လက်တွေ့မကျဘူးလို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ