Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

သပိတ်မှောက်ကျောင်းသားများ စတုတ္ထမြောက်နေ့ ဆန္ဒပြပွဲ ပြုလုပ်မည်

17 November 2014 09:28(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြ နေကြတဲ့ ကျောင်းသားတွေဟာ စတုတ္ထ မြောက်နေ့ အဖြစ် ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ရန်ကုန်မြို့မှာ ဘုန်းကြီးလမ်းအနီး စံပြ မှတ်တိုင် ကနေ ဆန္ဒပြမှုတွေ စတင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေဟာ နိုဝင်ဘာ ၁၆ ရက်နေ့ အမျိုးသားနေ့ ညနေပိုင်းတုန်းက ရန်ကုန်တိုင်း လွှတ်တော်ရှေ့ ပြည်သူ့ ရင်ပြင်ဘက်ခြမ်းမှာ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ပြီး  ထိုင်သပိတ် ဆင်နွှဲခဲ့ပါတယ်။

သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို လုံခြုံရေး၊ အာဏာပိုင်အဖွဲ့အစည်းက လာရောက် ဟန့်တားတာမျိုး မရှိဘဲ သတင်းဓါတ်ပုံတွေကို အရပ်ဝတ်တွေနဲ့ မှတ်တမ်းယူတာတွေသာ ပြုလုပ်နေကြပါတယ်။ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို နိုင်ငံရေး အင်အားစုတွေကလည်း ထောက်ခံကြောင်း ပြောဆိုထားပါတယ်။

ကျောင်းသားတွေကို ပညာရေးတာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းခဲ့ပေမယ့် တိကျခိုင်မာတဲ့ အဖြေတစ်ခုမပေးနိုင်တဲ့အတွက် ဆွေးနွေးပွဲပျက်ပြယ်သွားပြီး ဆက်လက်သပိတ်မှောက်နေတာ ဖြစ်ပါတယ်။

ရန်ကုန် တက္ကသိုလ် ပါချုပ်၊ စီးပွားရေး တက္ကသိုလ်ပါချုပ် အရှေ့ပိုင်း တက္ကသိုလ် ပါချုပ်တွေ ပါဝင်တဲ့ အဆင်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျောင်းသားတွေနဲ့ ကြေးသွန်းဘုရားမှာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ လာရောက်ဆွေးနွေးခဲ့တာပါ။

ရာနဲ့ချီတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ ဦးဆောင်တဲ့ ကျောင်းသားတွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြောင့် အခုလို သပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့  ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ