Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

ချယ်ရီကူးတို့ ရေယာဉ်သုံးစင်း ရေပန့်ပျက်၍ ရပ်နားလိုက်ရ

17 November 2014 04:40(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)
ဒလ-ပန်းဆိုးတန်းကူး ချယ်ရီကူးတို့ ရေယာဉ်သုံးစင်း ရေပန့်ပျက်

ရန်ကုန် နိုဝင်ဘာ ၁၆

ဒလ-ပန်းဆိုးတန်း သင်္ဘောကူးတို့ ရေယာဉ်သည် နိုဝင်ဘာ ၁၆ ရက်က ဒလမှ ရန်ကုန်သို့ သွားလာကြသော ခရီးသွားများအား စတင်သယ်ယူပို့ဆောင် ပေးခဲ့သော GICA မှ လှူဒါန်းသည့် ချယ်ရီကူးတို့ ရေယာဉ်သုံးစင်းလုံး ရေပန့် ပျက်စီး၍ ရပ်နားလိုက်ရသဖြင့် ယခင်ပြေးဆွဲနေသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် အနော်ရထာနှင့် ကျန်စစ်သား ရေယာဉ်များက အစားထိုးသယ် ယူပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။

''ယနေ့ည ၉ နာရီအခေါက်တွင် ကျန်စစ်သားရေယာဉ်ဖြင့် ဒလဘက်ကမ်းမှ ပန်းဆိုးတန်း သင်္ဘောဆိပ်ကမ်းသို့ လိုက်ပါလာခဲ့ရာ ချယ်ရီကူးတို့ရေယာဉ် သစ်တွေက ရေပန့်ပျက်စီးသွားလို့ ကျွန်တော်တို့ ရေယာဉ်တွေအစားထိုးပြေးဆွဲ ပေးခဲ့ရတယ်၊ သူတို့ရေယာဉ်စက်ပိုင်းတွေ တည်ဆောက်ထားပုံက ကျွန်တော်တို့ ရေယာဉ်တည်ဆောက်ပုံနဲ့မတူဘူး။ သူတို့နိုင်ငံက မြစ်ရေကကြည်ပြီး အမှိုက်တွေရှင်းလင်းတဲ့ပုံစံနဲ့ တည်ဆောက်ထားတာ။ ဒီမှာက အမှိုက်တွေနဲ့ နုန်းအနည်တွေများတာကြောင့် ရေပန့်ပျက်စီးသွားရတာလို့ သိရပါတယ်'' ဟု ရေယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

နံနက်ပိုင်းတွင် ချယ်ရီ-၁ နှင့် ချယ်ရီ-၂ စတင်ပြေးဆွဲခဲ့ရာ နံနက် ၉ နာရီ အခေါက်တွင် ချယ်ရီ-၁ ရပ်နားခဲ့ရပြီး မွန်းတည့် ၁၂ နာရီအခေါက်တွင် ချယ်ရီ-၂ ရပ်နားခဲ့ရကြောင်းနှင့် ညနေ ၅ နာရီကျော်အခေါက်တွင် ချယ်ရီ-၃ ရပ်နားခဲ့ရကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ