အရေးပေါ် အခြေအနေကိုလည်း လက်မှတ် ရေးထိုး ကြေညာ လိုက်ပါတယ်။
အခုလို ပြည်နယ်စောင့်တပ်ဖွဲ့ကို အသင့်အနေအထား ပြင်ဆင် နေရာယူဖို့ အမိန့်ပေးလိုက်တာဟာ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို ရဲအရာရှိ ဒါရန် ဝီလ်ဆင်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက် ပြုလုပ်တော့မှာမို့ ဖြစ်ပါတယ်။
တရားရုံးဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ရင် နောက်ထပ် မငြိမ်မသက်မှုတွေ ပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်လို့ ပြည်နယ်စောင့် တပ်ဖွဲ့ကို အသင့်ပြင်ဆင်ခိုင်းတာဖြစ်ပါတယ်။
သြဂုတ်လဆန်းပိုင်းတုန်းက လူမည်း လူငယ်မိုက်ကယ်ဘရောင်းကို သတ်ဖြတ်တာဟာ မိုက်ကယ်ဘရောင်းက လက်မြှောက်ထားတဲ့ကြားက ပစ်ခတ်ခဲ့တယ်လို့ ဆိုကြပြီး ဆန္ဒပြကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မကျေနပ်မှု တွေ မြင့်တက်ပြီး ဆူပူဆန္ဒပြမှုတွေ ဖျက်ဆီးမှုတွေ ဆန္ဒပြပွဲထိန်းသိမ်းတဲ့ ရဲတွေကို ဓါတ်ဆီပုလင်းမီးရှို့ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
တရားရုံးဆုံးဖြတ်ချက်ကို ဘယ်ရက်မှာ ဆုံးဖြတ်ချက်ချမယ်ဆိုတာကိုတော့ ရက်အတိအကျ မကြေညာသေးပါဘူး။




































No comments:
Post a Comment