သတ်ဖြတ်သူ တွေထဲမှာ ပါဝင်တဲ့ ပြင်သစ်နိုင်ငံသားဟာ အသက် ၂၂ အရွယ် Maxime Hauchard ဖြစ်တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ သူဟာ Mauritania မှာ ခေတ္တ နေထိုင်ခဲ့ပြီးနောက် ဆီးရီးယားကို ရောက်သွားတာ တနှစ်ကျော်ရှိခဲ့ပြီလို့လည်း ပြောပါတယ်။
ပြင်သစ်နိုင်ငံ တာဝန်ရှိသူတွေဟာ ဗွီဒီယိုဖိုင်ထဲမှာ ပါဝင်နေတဲ့ ဂျီဟဒ်ဒစ်စ် အစွန်းရောက် ၁၆ ဦးထဲက ဒုတိယ ပြင်သစ်နိုင်ငံသားဟာ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေခဲ့ကြတာပါ။ ဒီလူတွေဟာ အမေရိကန်နိုင်ငံသားတဦးနဲ့ ဆီးရီးယားစစ်သား အနည်းဆုံး ၁၈ ယောက်ကို ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုဖိုင်မှာပါဝင်ပါတယ်။
IS စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး လူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။
အသတ်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား Abdul-Rahman Kassig ဟာ ဆီးရီးယားနိုင်ငံအတွင်း အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေရင်း လွန်ခဲ့တဲ့ ၁၃ လက ဖမ်းဆီးသွားခံခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ ဒါဟာ IS စစ်သွေးကြွတွေရဲ့ စက်ဆုတ်ရွံရှာဖွယ် ကောင်းတဲ့လုပ်ရပ်သက်သက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။




































No comments:
Post a Comment